တော်လှန်ရေးကြီး အတွက် ရေမွန်ရဲ့ပေးဆပ်မှု့တွေဟာအချည်းနှီး မ ဖြစ်စေရဘူး ဆို တဲ့ အဆိုတော် ‌နိုဗန်ထူး

တော်လှန်ရေးကြီး အတွက် ရေမွန်ရဲ့ပေးဆပ်မှု့တွေဟာအချည်းနှီး မ ဖြစ်စေရဘူး ဆို တဲ့ အဆိုတော် ‌နိုဗန်ထူး

အဆိုတော် နိုဗန်ထူး ဟာဆိုရင်တော့ The Voice Myanmar မှာ Winner ဆုရရှိသွားတဲ့အဆိုတော်ပဲဖြစ်ပါတယ်။စစ်အာဏာ ရှင် အာဏာစသိမ်းပြီးကတည်းကနေ ပြည်သူတွေနဲ့ တစ်သားတည်းရပ်တည်ကာ ‌တော်လှန်ခဲ့တဲ့သူပဲဖြစ်ပါတယ်။

အဆိုတော် နိုဗန်ထူး ဟာ လွတ်မြောက်နယ်မြေသို့ရောက်ရှိကာ ဆက်လက်တော်လှန်နေပြီး တိုက်ပွဲဝင်နေတာပဲဖြစ်ပါတယ်။

ဒီကနေ့ ဇွန်လ ၂၃ ရက်နေ့ကတော့ ရော့ခ်အဆိုတော် ရေမွန်ကွယ်လွန်တာ တစ်နှစ်ပြည့်တဲ့နေ့ပဲဖြစ်ပါတယ်။မနှစ်ကဒီလိုအချိန်မျိုးမှာဆိုရင်တော့ တွတ်ပီကိုချစ်တဲ့ ပရိသတ်တွေအားလုံး ဝမ်းနည်းစိတ်မကောင်းဖြစ်ခဲ့ရတဲ့‌နေ့တစ်ရက်ပဲ ဖြစ်ပါတယ်။

ဒါကြောင့် နိုဗန်ထူး ကတော့ တွတ်ပီ နဲ့ပတ်သက်ပြီး အခုလိုပဲ ရေးသားလာခဲ့ပါတယ်။”၂၃ ဆိုတဲ့ ဂဏန်းကတော့ ဘဝရဲ့ နာကျင်မူ အစိတ်အပိုင်းထဲမှာ နေရာယူထားတာ တနှစ်ပြည့်ပြီ။မဖတ်တော့မယ့်သုံးသူမဲ့ messenger ကိုဘဲ တစ်ခုခုတိုက်ဆိုင်မူရှိတိုင်း သွားသွားကြည့်မိတယ်။

အတူတူပြဲတာတွေ လွဲခဲ့တာတွေရှိခဲ့ပေမယ့် အာဏာရှင်ကို တော်လှန်တဲ့နေရာမှာတော့ မလွဲခဲ့ဘူး ဘပီရေ။ဘပီရဲ့ပေးဆပ်မူဟာ အချည်းနှီး မဖြစ်စေရဘူး။

အဆုံးထိသွားမှာဆိုတဲ့အတိုင်း တာဝန်မပြီးပြတ်သေးတာကို ဆက်လက်ထမ်းပိုးရင်း အသက်ရှင်နေ သရွေ့တော့ လျှောက်လှမ်းနေအုန်းမယ်ဗျာ”လို့ နိုဗန်ထူး ဟာ သူ့ရဲ့လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ်။

ပရိသတ်ကြီးရေ ကွယ်လွန်သွားပြီဖြစ်တဲ့ရေမွန် ကို သတိရသေးလား??သတိရသေးရင် ကောမန့်မှာ တွတ်ပီနဲ့ပတ်သက်တဲ့ အမှတ်တရလေးတွေကို ရေးသားသွားပေးခဲ့ပါအုန်း။

error: Content is protected !!