သြစတေးလျနိုင်ငံမှာပဲအလုပ်ရသွားပြီဖြစ်တဲ့ ယွန်းဝတီလွင်မိုး သြစတေးလျနိုင်ငံရဲ့တက္ကသိုလ်ကနေကျောင်းပြီးတဲ့အချိန် သြစတေးလျနိုင်ငံမှာပဲအလုပ်ရသွားပြီ

သြစတေးလျနိုင်ငံမှာပဲအလုပ်ရသွားပြီဖြစ်တဲ့ ယွန်းဝတီလွင်မိုး သြစတေးလျနိုင်ငံရဲ့တက္ကသိုလ်ကနေကျောင်းပြီးတဲ့အချိန် သြစတေးလျနိုင်ငံမှာပဲအလုပ်ရသွားပြီ

ပရိသတ်ကြီးရေ ယွန်းဝတီလွင်မိုးကတော့ ပြည်သူ့အချစ်တော် နိုင်ငံကျော်မင်းသားကြီးလွင်မိုးရဲ့မျိုးဆက်ပဲဖြစ်ပါတယ်။

အနုပညာမျိုးရိုးရှိပြီးကိုယ်ပိုင် အရည်အချင်းတွေများစွာပိုင်ဆိုင်ထားတဲ့မော်ဒယ်လ်မင်းသမီးတစ်လက်ဆိုလည်းမမှားပါဘူးနော်။

ပရိသတ်တွေ၊ ချစ်ရတဲ့သူတွေက ချစ်နိုးနဲ့ ခေးလို့ ခေါ်လေ့ရှိကြပါသေးတယ်။ခေးကတော့ (၂၀၁၈)မှာ အိမ်ထောင်ကျခဲ့ပြီး ချစ်စရာကောင်းတဲ့ သာလေးကို ပိုင်ဆိုင်ထားတဲ့အပြင် ခင်ပွန်းသည်နဲ့ အတူ နိုင်ငံခြားမှာ ပညာသင်ယူနေခဲ့တာပဲ ဖြစ်ပါတယ်။

သြစတေးလျမှာကျောင်းတက်နေတဲ့ ယွန်းဝတီလွင်မိုးက အခုဆိုရင် ကျောင်းပြီးသွားပြီဖြစ်ပြီး သူမရဲ့ ပထမဦးဆုံးလုပ်ငန်းခွင်ထဲ စတင်ဝင်ရောက်နေပြီပဲ ဖြစ်ပါတယ်။

ယွန်းဝတီလွင်မိုးက သြစတေးလျနိုင်ငံက ကုမ္ပဏီမှာMarketing Officer & Education Counsellor အဖြစ် တာဝန်ထမ်းဆောင်နေလျက်ရှိတာပဲ ဖြစ်ပါတယ်။

ယွန်းဝတီလွင်မိုးကတော့ မြန်မာပြည်ကနေ သြစတေးလျကို ကျောင်းလာတက်မယ့် လူငယ်တွေအတွက်လည်းပညာရေးနဲ့ဆိုင်တဲ့ အကြံဉာဏ်ပေးချက်တွေ ကျောင်းရွေးချယ်မှုတွေပါ ဆွေးနွေးနိုင်တယ်လို့လည်း ပြောလာခဲ့တာဖြစ်ပါတယ်။

ယွန်းဝတီလေးကတော့ တိုင်းတစ်ပါးမှာကျောင်းပြီးတာနဲ့ လုပ်ငန်းခွင်ထဲ တန်းဝင်နိုင်တဲ့အထိကိုထက်မြက်သူလေးတစ်ယောက်ပဲဖြစ်ပါတယ်။

error: Content is protected !!