ချစ်ရတဲ့သားလေးရဲ့ သိတတ်လွန်းတဲ့ အပြုအမူလေးတွေကြောင့် အတိုင်းမသိပီတိဖြစ်ရကြောင်းတွေ ဝေမျှလာတဲ့ နန်းမြတ်ဖြိုးသင်း

ချစ်ရတဲ့သားလေးရဲ့ သိတတ်လွန်းတဲ့ အပြုအမူလေးတွေကြောင့် အတိုင်းမသိပီတိဖြစ်ရကြောင်းတွေ ဝေမျှလာတဲ့ နန်းမြတ်ဖြိုးသင်း

မင်းသမီးချောလေး နန်းမြတ်ဖြိုးသင်းက ဇာတ်ကားတွေရိုက်ကူးခဲ့သလို တေးသီချင်းတွေလည်း သီဆိုပြီး အနုပညာအလုပ်တွေကို နှစ်အတော်ကြာအောင် လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ် ။ ပရိသတ်တွေကလည်း သူမကို ချစ်ကြလို့ ယနေ့အထိ အားပေးချစ်ခင်နေကြဆဲပါ ။

နန်းမြတ်က မိသားစုကိုလည်း အချိန်ပေးပြီးဂရုစိုက်တတ်တဲ့သူဖြစ်တာကြောင့် အနုပညာလှုပ်ရှားမှုတွေ နည်းသွားတာလည်းဖြစ်ပါတယ်။

အနုပညာလှုပ်ရှားမှုတွေသိပ်မရှိတော့ပေမယ့် ပရိသတ်တွေကတော့ နန်းမြတ်ကိုရော သူမရဲ့မိသားစုလေးကိုပါ အချစ်တွေပိုနေကြတာဖြစ်ပါတယ်။

သားနဲ့ သမီးရဲ့ ချစ်စရာ ပုံလေးတွေကိုလည်း အမြဲလိုလို ဖော်ပြပေးလေ့ရှိနာကိုလည်း တွေ့ရပါတယ် ။

အခုလည်း ချစ်ရတဲ့သားလေးရဲ့ သိတတ်လွန်းတဲ့ အပြုအမူလေးတွေကြောင့် အတိုင်းမသိပီတိဖြစ်ရကြောင်းကို ” My sweetest Son 💞 ဂျက်လေးကိုအမြဲတမ်းအိပ်ခါနီးတိုင်းစာအုပ်သုံးအုပ်ဖတ်ပြနေကျ ဒီညတော့”မေမေ..၁အုပ်ပဲဖတ်မယ်နော်”တဲ့ ဘာလို့လဲလို့မေးတော့ “ဒီနေ့မေမေပင်ပန်းနေလို့”တဲ့ရင်ထဲမှာပြောမပြတတ်တဲ့ကြည်နူးမှုနဲ့အတူမျက်ရည်ကလဲကျလာသေးတယ် 😥 ပုံလေးကချစ်လို့ရှာထည့်ထားတာ 😚” ရေးသားထားရာ ပြန်လည် ဝေမျှပေးလိုက်ပါတယ် ။

error: Content is protected !!