ချစ်ရတဲ့ သားရယ်သမီးနဲ့ အတူ သီတင်းကျွတ် အမှတ်တရ ပုံလေးတွေ ဝေမျှလာတဲ့ နန်းမြတ်ဖြိုးသင်း
မင်းသမီးချောလေး နန်းမြတ်ဖြိုးသင်းက ဇာတ်ကားတွေရိုက်ကူးခဲ့သလို တေးသီချင်းတွေလည်း သီဆိုပြီး အနုပညာအလုပ်တွေကို နှစ်အတော်ကြာအောင် လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ် ။
ပရိသတ်တွေကလည်း သူမကို ချစ်ကြလို့ ယနေ့အထိ အားပေးချစ်ခင်နေကြဆဲပါ ။
နန်းမြတ်က မိသားစုကိုလည်း အချိန်ပေးပြီးဂရုစိုက်တတ်တဲ့သူဖြစ်တာကြောင့် အနုပညာလှုပ်ရှားမှုတွေ နည်းသွားတာလည်းဖြစ်ပါတယ်။
အနုပညာလှုပ်ရှားမှုတွေသိပ်မရှိတော့ပေမယ့် ပရိသတ်တွေကတော့ နန်းမြတ်ကိုရော သူမရဲ့မိသားစုလေးကိုပါ အချစ်တွေပိုနေကြတာဖြစ်ပါတယ်။
သားနဲ့ သမီးရဲ့ ချစ်စရာ ပုံလေးတွေကိုလည်း အမြဲလိုလို ဖော်ပြပေးလေ့ရှိနာကိုလည်း တွေ့ရပါတယ် ။
အခုလည်း သားအမိသုံးယောက် အတူတူရိုက်ထားတဲ့ သီတင်းကျွတ် ပုံရိပ်လေးတွေကို အမှတ်တရ ဝေမျှလာပါတယ် ။
ပုံထဲမှာ နန်းမြတ်တို့ သားအမိတွေ ချစ်စရာကောင်းလွန်းနေတာကြောင့် ပြန်လည် ဝေမျှပေးလိုက်ပါတယ် ။