တော်ကီလှလှလေးတွေ နဲ့ ဇနီးလောင်းလေး “နန်းသူဇာ” ရင်ခုန်အောင် ချစ်စကားလေးတွေပြောလိုက်တဲ့ “ကျော်ထွဋ်ဆွေ”

တော်ကီလှလှလေးတွေ နဲ့ ဇနီးလောင်းလေး “နန်းသူဇာ” ရင်ခုန်အောင် ချစ်စကားလေးတွေပြောလိုက်တဲ့ “ကျော်ထွဋ်ဆွေ”

ပရိသတ်ကြီးရေ ကျော်ထွဋ်ဆွေကတော့ မြန်မာနိုင်ငံက ယောကျာ်းလေး ပရိသတ်တွေအားပေးသဘောကျရဲ့ အမျိုးသားအဆိုရှင်ထဲကတစ်ယောက်ပါ။

သူ့ရဲ့အချစ်ရေးကတော့ ဘိုမရုပ်လေးလို ချစ်စရာကောင်းပြီး အမြဲသွက်လက်ပွင့်လင်းနေတဲ့ နန်းသူဇာနဲ့ အတွဲညီညီလက်တွဲနေတာပဲ ဖြစ်ပါတယ်။

ကျော်ထွဋ်ဆွေနဲ့ နန်းသူဇာဟာ တွဲလက်တွေခိုင်မြဲလာတာ ချစ်သူသက်တမ်း (၁၁)နှစ်ကျော်ရှိနေပြီပဲ ဖြစ်ပါတယ်။

ပရိသတ်တွေ သဘော ကျအားပေးရတဲ့ Idol အနုပညာရှင်စုံတွဲတွေထဲက တစ်တွဲအပါဝင်ပါနော်။ဒါ့အပြင်သူငယ်ချင်းတွေ နဲ့လည်း ပျော်ပျော်ပါးပါး နေထိုင်လေ့ရှိတဲ့ အနုပညာရှင်စုံတွဲ တစ်တွဲပါပဲနော်။

ကျော်ထွဋ်ဆွေနဲ့ နန်းသူဇာတို့ဟာ ချစ်သူသက်တမ်း (၁၁) နှစ်ကျော်အကြာမှာတော့ လက်ထပ်ခွင့်တောင်းခဲ့တဲ့အကြောင်းကို ပရိသတ်တွေဆီချပြခဲ့ပြီး မကြာခင်မှာ လက်ထပ်တော့ဖို့ ပြင်ဆင်နေကြပြီပဲ ဖြစ်ပါတယ်။

ဒါပေမယ့် ကျော်ထွဋ်ဆွေက ရည်းစားဘဝကနေ အကြင်လင်မယားဖြစ်လာတော့မယ့် အချိန်မှာ အရင်အတိုင်းပဲ စကားလုံး လှလှလေးနဲ့ ချစ်ကြောင်းပြောတတ်တဲ့အကြောင်းကို နန်းသူဇာက အခုလိုပဲပြောလာပါတယ်။

နန်းသူဇာက “အိမ်ကလူတွေက ကောင်းကင်ကြီး ဒီနေ့အရမ်းလှနေတယ်ဆိုလို့ သဲလေးပုံပြပြီး ငြင်းခဲ့ရသေးတယ်” ဆိုပြီး စကားလုံးလှလှလေးတွေနဲ့ ချစ်ကြောင်းပြောတတ်တဲ့ ကျော်ထွဋ်ဆွေအကြောင်းကို သူမတို့နှစ်ယောက်ပြောထားတဲ့ Screenshot လေးနဲ့တကွ ပြသပြီး “ဦးကျော်ဆီက ယူတို့ လေ့လာသင်ယူပါ” ဆိုပြီး ပြော လာပါတယ်။

ကျော်ထွဋ်ဆွေကတော့ ရည်းစားဘဝကနေ အဆင့်တက်ခါနီးအချိန်မှာတောင် ချစ်သူကိုချစ်တဲ့အကြောင်းတွေ တဖွဖွပြောနေဆဲပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နန်းသူဇာနဲ့ ကျော်ထွဋ်ဆွေတို့အတွဲလေးကိုကြည့်ပြီး အားကျနေကြမယ်ထင်ပါတယ်နော်။

error: Content is protected !!