ပရိသတ်တွေကို အပြီးတိုင်နှုတ်ဆက်ပြီး ကွယ်လွန်သွားခဲ့တာ (၄) နှစ်တိတိပြည့်ခဲ့ပြီဖြစ်တဲ့ မင်းသွေး

ပရိသတ်တွေကို အပြီးတိုင်နှုတ်ဆက်ပြီး ကွယ်လွန်သွားခဲ့တာ (၄) နှစ်တိတိပြည့်ခဲ့ပြီဖြစ်တဲ့ မင်းသွေး

ပရိသတ်တွေအားလုံးချစ်ခင်အားပေးရတဲ့ အဆိုတော်၊ သရုပ်ဆောင် မင်းသွေးကတော့ အစ်ကိုဖြစ်သူ အကယ်ဒမီနေတိုးရဲ့ ကူညီဖေးမမှုနဲ့အတူတူ အောင်မြင်လာတဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။

မင်းသွေးဟာ သူ့ရဲ့အနုပညာသက်တမ်းတစ်လျှောက်မှာ ဗီဒီယိုဇာတ်ကားတွေ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ သီချင်းတွေများစွာကို ဖန်တီးရိုက်ကူးခဲ့ပြီး အောင်မြင်မှုတွေရရှိနေဆဲအချိန်မှာပဲ ကွယ်လွန်သွားခဲ့တာပဲ ဖြစ်ပါတယ်။

မင်းသွေးဟာ ပြီးခဲ့တဲ့ (၂၀၁၈) ခုနှစ် အောက်တိုဘာလ (၃) ရက်နေ့ ညဘက်မှာ သူငယ်ချင်းတွေနဲ့ ဘောလုံးကန်နေရင်း ရုတ်တရက်ဆိုသလို ကွယ်လွန်သွားခဲ့တာပဲ ဖြစ်ပါတယ်။ ဒီကနေ့ (၂၀၂၂) ခုနှစ် အောက်တိုဘာလ (၃) ရက်နေ့မှာတော့ ကွယ်လွန်သွားခဲ့တာ (၄) နှစ်တိတိပြည့်ခဲ့ပြီပဲ ဖြစ်ပါတယ်။မင်းသွေးကတော့ ရုတ်တရက်ဆိုသလို ကွယ်လွန်သွားခဲ့တာ (၄) နှစ်တိတိရှိခဲ့ပြီဖြစ်ပေမယ့် ချစ်တဲ့

ပရိသတ်တွေကတော့ ဒီနေ့ဒီအချိန်ထိ သတိရနေဆဲဖြစ်ပါတယ်။ မင်းသွေးတစ်ယောက်လည်း အခုလောက်ဆို ကောင်းရာမွန်ရာဘုံဘဝမှာ အေးချမ်းစွာအနားယူနေလောက်ပြီ ထင်ပါတယ်နော်။

error: Content is protected !!