ကမ္ဘာကျော်မဂ္ဂဇင်းတစ်ခုမှာ အင်တာဗျူးဖြေဆိုပေးခဲ့ရတဲ့ ပရိသတ်အချစ်တော်စမိုင်းလ်

ကမ္ဘာကျော်မဂ္ဂဇင်းတစ်ခုမှာ အင်တာဗျူးဖြေဆိုပေးခဲ့ရတဲ့ ပရိသတ်အချစ်တော်စမိုင်းလ်

ပရိသတ်ကြီးရေ စမိုင်းလ်ကတော့ တစ်ခေတ်တစ်ခါကတည်းက သရုပ်ဆောင် တစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့ချစ်ခင်မှုကို ရရှိထားခဲ့တဲ့ ပရိသတ်အချစ်တော် တစ်ယောက်ပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ စမိုင်းလ်တို့ မိသားစုကအမေရိကန်နိုင်ငံမှာ နေထိုင်နေခဲ့ပါတယ်။

ဒီနေ့မှာတော့ စမိုင်းလ်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ကမ္ဘာကျော်မဂ္ဂဇင်းတစ်ခုဖြစ်တဲ့ Forbes magazineမှာ အင်တာဗျူးဖြေဆိုပေးခဲ့ရကြောင်း ဂုဏ်ယူဝမ်းမြောက်စွာနဲ့ ပြောပြလာခဲ့ပါတယ်။ “Artist တစ်ယောက်ဖြစ်လို့Fashion နဲ့ပတ်သက်တဲ့အကြောင်းမေးတာသမရိုးကျမြန်မာဖက်ရှင်ထက် ကြာနဲ့ပတ်သက်တာလေးတွေထူးထူးခြားခြားကြိုးစားပြီးဖြေထားပေးပါတယ်..

Forbes magazine လိုမျိုးကကိုယ့်ကိုစိတ်ဝင်စားပြီးမေးမြန်းလာတဲ့အပေါ် မြန်မာတစ်ယောက်အနေနဲ့အရမ်းကိုကျေနပ်ဂုဏ်ယူမိပါတယ်” ဆိုပြီး ကြိုးကြိုးစားစားဖြေထားကြောင်းလည်း ပရိသတ်တွေကို အသိပေးလာခဲ့ပါတယ်။ပရိသတ်ကြီးရေ စမိုင်းလ်ကတော့ မြန်မာလူမျိုးတစ်ယောက်အနေနဲ့ တကယ်ကို ဂုဏ်ယူထိုင်ပါတယ်နော်။

error: Content is protected !!