ကလေးတစ်ယောက်က သူမကို နှိမ်ချပြီးပြောလိုက်တဲ့စကားတစ်ခွန်းကြောင့် ဆွံ့အသွားခဲ့ရတဲ့ ရီရီပွင့်ဖြူ
အမြဲဟာသလေးတွေနဲ့ပရိသတ်တွေကိုရယ်မောစေတာကေ တာ့စိန်ဖြိုးတို့ဇနီးမောင်နှံပဲဖြစ်ပါတယ်။ တစ်ယောက်ကိုတစ်ယောက်ဆေးထိုးစနောက်ရင်းနဲ့ချစ်နေရတဲ့သူနှစ်ယောက်ပါ။
ပရိသတ်တွေကလည်းသူတို့ video လေးကိုကြည့်ပြီးရယ်မောနေရတာပါ။
လူမှုကွန်ရက်မှာလည်းအားပေးသူပရိသတ်များစွာရရှိနေပြီဖြစ်ပါတယ်။
သူတို့ကိုယ်တိုင် လည်းအမြဲပျော်ရွှင်စွာနေတက်သူတွေဖြစ်တာကြောင့်ပရိသတ်တွေလည်းအမြဲပျော်ရွှင်နေရတာပါ။
အခုမှာလည်းသူမကြုံတွေ့ခဲ့ရတဲ့ရယ်စရာတစ်ခုကိုပြောပြခဲ့တာပါ။
ကလေးတစ်ယောက်ရဲ့စကားလေးကြောင့်စွံ့အသွားခဲ့တာဖြစ်ပါတယ်။
ဓါတ်လှေကားထဲကလေးတယောက်နဲ့တူတူစီးတော့ကိုယ်ကလက်မအားတော့ သူကနံပါတ်ဘယ်လောက်နှိပ်ပေးရမလဲတဲ့…
၂ လို့ဆိုတော့ ဒါဆို အန်တီတို့ကဆင်းရဲသားတွေပေါ့တဲ့ကိုယ်က ဟမ်! ဆိုဟုတ်တယ်လေ ၂လွှာမှာဆင်းရဲ သားတွေနေတာ သားတို့က ၆လွှာမှာတဲ့…ဆိုပြီးပြောခံလိုက်ရတာဖြစ်ပါတယ်။