ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ ချစ်သူလေး သင်ဇာဝင့်ကျော်ကို ချစ်သူသက်တမ်းနှစ် နှစ်ပြည့်ဆုတောင်းပေးလာတဲ့ ကိုရဲရင့်မိုး

ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ ချစ်သူလေး သင်ဇာဝင့်ကျော်ကို ချစ်သူသက်တမ်းနှစ် နှစ်ပြည့်ဆုတောင်းပေးလာတဲ့ ကိုရဲရင့်မိုး

ပရိတ်သတ်ကြီးရေ၊အခုတစ်ခါမှာဆိုရင်တော့ ကိုရဲရင့်မိုးက ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ ချစ်သူလေး သင်ဇာဝင့်ကျော်ကို ချစ်သူသက်တမ်းနှစ် နှစ်ပြည့်ကို အခုလို ဆုတောင်းပေးလာခဲ့ပါတယ်နော်။

ကိုရဲရင့်မိုးက Happy Two Years Anniversary ပါအချစ်ကလေးရေဉ ဘယ်တော့ပြန်ဆုံကြမလဲမသိပေမဲ့လဲ နေ့ရက်တိုင်းတော့မျှော်နေမိတာအမှန်ပါပဲ၊ ပြန်ဆုံကြတဲ့အခါအတူတူလုပ်ချင်တဲ့အရာလေးတွေစုထားတယ်၊ မင်းမျက်နှာလေးကြည့်ပီးပြောချင် နေတဲ့စကားတွေမှအ များကြီးပါပဲ၊ ဖက်ထားချင်မိတယ်၊ အချစ်ကလေးရယ် အရမ်းလွမ်းတာပဲ၊

အရင်အချိန်လေးတွေပြန်လိုချင်မိတယ်၊ သိပ်ချစ်လို့အနောက်ကတကောက် ကောက်လိုက်နေပေမဲ့လဲဒီတခါတော့ကိုယ်မပါတဲ့ခရီးကိုမင်းကိုတယောက်ထဲလွှတ် လိုက်ရသလိုပါပဲ၊ အကြာကြီးမခွဲချင်ဘူးသိရဲ့လား။

ပြန်တွေ့ရင်မျက်စိအောက်ကအပျောက်မခံတော့ဘူးနော်၊ နောက်ဘယ်တော့မှလဲမခွဲတော့ဘူး၊ အရမ်းလွမ်းတယ်ပြောမပြတတ်အောင်ပါပဲ “အရမ်းချစ်တာသိတယ်မလား အရမ်းချစ်တယ် နော် တော်ကြာမတွေ့ဖြစ်ကြရင် မပြောလိုက်ရမှာစိုးလို့ဆိုပီးပြောခဲ့တာလေး ပြန်ကြားယောင်တိုင်းဝမ်းနည်းနေမိတယ်၊ လွမ်းနေတဲ့အချိန်တိုင်းဘေးနားမှာရှိရင်သိပ်ကောင်းမှာပဲ၊ လူချင်းဝေးနေပေမဲ့ကို့စိတ်တွေအချစ်ကလေးဆီပဲအမြဲရောက်နေတယ်၊ အချိန်တိုင်းသတိရနေတယ်နော်၊ အရမ်းလဲတွေ့ချင်တယ်။

စိတ်ညစ်လို့ဘာအလုပ်မှလုပ်ချင်စိတ်မရှိပေမဲ့ အချစ်ကလေးပြောသလို အကျိုးရှိတဲ့အရာတွေလုပ်ရင်းစောင့်နေပါ့မယ်၊ အမြန်ဆုံးပြန်တွေ့ချင်ပါပြီ၊ ဒီနှစ် anni မှာအတူတူရှိခွင့်မရပေမဲ့လဲနောက်ဆိုအမြဲအတူရှိရမယ်ဆိုစိတ်လေးနဲ့ပဲ မျှော်နေပါတယ်အချစ်ကလေးရယ်၊

အရမ်းချစ်တယ်နော် အရမ်းလဲလွမ်းနေပါတယ် my everything လေးရေ HappyTwoYearsAnniversary ဆိုပြီးတော့ ရေးသားဖော်ပြထားပါတယ်၊ စာဖတ်ပရိတ်သတ်ကြီးများအတွက် ပြန်လည်ကူးယူ ဖော်ပြပေးလိုက်ရပါတယ်နော်။

error: Content is protected !!