အမေပေးထားတဲ့ပစ္စည်းလေးကိုတော့ တန်ဖိုးထားတတ်တဲ့ ရေမွန်ရဲ့အကြောင်း

အမေပေးထားတဲ့ပစ္စည်းလေးကိုတော့ တန်ဖိုးထားတတ်တဲ့ ရေမွန်ရဲ့အကြောင်း

ပရိတ်သတ်တွေအတွက်သီချင်းကောင်းများစွာသီဆိုခဲ့ပြီး အားလုံးကချစ်ကြတဲ့diots ဂီတအဖွဲ့ကပင်တိုင်အဆိုတော်တစ်ဦးဖြစ်တဲ့ ကိုရေမွန်ဟာ မမျှော်လင့်ပဲ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

အားလုံးနဲ့ အဆင်ပြေအောင် နေတတ်ထိုင်တတ်ပြီးသူချစ်တဲ့ ပရိသတ်တွေအပေါ်လည်း တာဝန်ကျေပွန်လွန်းတဲ့ ရေမွန်ကိုဆုံးရှုံးလိုက်ရတာ မိခင်ဖြစ်သူ ဒေါ်ခင်မြတ်မွန်ကသားဖြစ်သူအတွက်ရင်ကွဲမတက်ခံစားနေရတာ ယနေ့တိုင်ပါပဲ။

ဒီကနေ့မှာလည်း ရေမွန်ရဲ့ညီမဖြစ်သူ လပြည့်ကဗျာကအမေကိုတန်ဖိုးထားပြီးချစ်တတ်တဲ့ ရေမွန်အကြောင်းကို အခုလိုပဲပြောပြလာပါတယ်။

လပြည့်ကဗျာက “Covid တွေစပီးဖြစ်တဲ့အချိန် အမေက အိမ်မှာ သားအမိ ၃ယောက်ဆင်တူဆိုပြီး အဝတ်စနဲ့ Maskလေးတွေလုပ်ပေးတယ်။

KMM / Tut P / Tone ဆိုပြီး.. Rocker ကြီးက တခြားပိစိပွစ လေးတွေသာေ မ့ချင်မေ့မယ်သူ့နာမည်ထိုးပေးထားတဲ့ Mask လေးကိုတော့ မေ့ပြီးပျောက်ခဲ့တာမရှိဘူး။

အမေ ပျော်အောင် Mask နဲ့ပုံလေးMessenger ကပို့ပေးရှာတယ်။

လွမ်းလိုက်တာ ” ဆိုပြီး ရေမွန်အကြောင်းကို ပြောပြလာပါတယ်။

ရေမွန်ကတော့ ငယ်စဉ်ကတည်းက အဖေကစွန့်ပစ်သွားပြီး အမေနဲ့ပဲ အတူတူကြီးပြင်းရုန်းကန်ခဲ့ရသူမို့ အမေကိုအရမ်းတွယ်တာပြီး အရမ်းချစ်သူတစ်ယောက်ဖြစ်ပါတယ်။

အရမ်းချစ်တဲ့ သားအမိနှစ်ယောက် နောက်ဘဝတွေမှာတော့ အချိန်အကြာကြီးအတူတူရှိနေနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

error: Content is protected !!