သမီးလေးရဲ့ တစ်လပြည့်မွေးနေ့လေးမှာ အမှတ်တရ စကားလေးတွေနဲ့ ဆုမွန်ကောင်း တောင်းပေးလာတဲ့ ဘေဘီမောင်

သမီးလေးရဲ့ တစ်လပြည့်မွေးနေ့လေးမှာ အမှတ်တရ စကားလေးတွေနဲ့ ဆုမွန်ကောင်း တောင်းပေးလာတဲ့ ဘေဘီမောင်

သရုပ်ဆောင် မင်းသမီးချောလေး ဘေဘီမောင်ကတော့ မော်ဒယ်လောကတွင်လည်း နာမည်ကြီးသူတစ်ယောက်ဖြစ်ပြီး သရုပ်ဆောင်ဘက်သို့ ကူးပြောင်းခဲ့ရာမှာလည်း အောင်မြင်မှုတွေများစွာ ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် အိမ်ထောင်ရေးမှာလည်း ကြည်နူးစရာကောင်းလွန်းတဲ့ သူတို့ အတွဲလေးကို ပရိသတ်တွေက အားကျနေကြတာပါ ။

အခုဆိုရင် ဘေဘီမောင်က ချစ်စရာသမီးငယ်လေးကိုလည်း ပိုင်ဆိုင်ထားပြီမို့ ပိုလို့တောင် အေးချမ်းသာယာတဲ့ မိသားစု ဘဝလေးကို ပိုင်ဆိုင်ထားတာပါ ။

အခုလည်း သမီးလေးရဲ့ တစ်လပြည့်မွေးနေ့လေးမှာ အမှတ်တရပုံလေးတွေနဲ့အတူ ”🙏🏻သမီးလေးဘီလီယံတစ်လပြည့်ပါပီရှင့်🙏🏻❤️သမီးလေးအတွက်ဆုတောင်းစကား🙏🏻❤️မြင်သူတိုင်း ချစ်😍အသံကြားသူတိုင်း သနား😌ခင်သူတိုင်း ချီးမွမ်း☺️လုပ်လေရာ အရပ်ရပ်မှာ လုံ့လရှိ၍😀သာသနာအကျိုး၊ နိုင်ငံအကျိုး၊ လူမျိုးအကျိုးသယ်ပိုးဆောင်မ😃တည်ကြည်၊ ဖြောင့်မတ်၊ သစ္စာရှိ စိတ်နှလုံးသားနူးညံ့ကာ☺️အကြင်သူအား ကူညီဆောင်မတတ်သော နှလုံးသားလှတဲ့သူတော်ကောင်းမလေးဖြစ်ပါစေရှင့်🙏🏻🙏🏻🙏🏻” ဆိုပြီး ဆုမွန်ကောင်းတောင်းပေးထားရာ ပြန်လည် ဝေမျှပေးလိုက်ပါတယ် ။

error: Content is protected !!