Yoo Seung Hoo ဟာကိုယ်အလေးချိန် အများအပြား လျော့ကျသွားတဲ့အတွက် Netizens တွေက တစ်ချိန်တုန်းက သူ့ရဲ့ ကိုယ်အလေးချိန် တက်လာခြင်းကိုစာနာမိတယ်လို့ တုံ့ပြန်ခဲ့ကြပါတယ်

အောက်တိုဘာ ၂၉ ရက်မှာ အင်တာနက်အသုံးပြုသူတစ်ဦးက အွန်လိုင်းအသိုက်အဝန်းဖိုရမ်ကို ရောက်ရှိလာပြီး “Yoo Seung Hoကိုကိုယ်အလေးချိန်တက်လာတယ်လို့ ပြောမိတဲ့အတွက်တောင်းပန်ပါတယ်”ဆိုတဲ့ ပို့စ်တစ်ခုကို ဖန်တီးခဲ့ပါတယ်

အဆိုပါ အင်တာနက်အသုံးပြုသူတင်တဲ့ Post မှာမင်းသားရဲ့ဒရာမာဖြစ်တဲ့ ‘Memorist’ မှဓာတ်ပုံများလည်းပါရှိပါတယ်… ဒီအတောအတွင်းမှာပဲ Yoo Seung Ho က သူ့ရဲ့ဒရာမာမှာ ရဲတစ်ယောက်အဖြစ်သရုပ်ဆောင်ရမှာဖြစ်တာမလို့ရည်ရွယ်ချက်ရှိရှိနဲ့ ကိုယ်အလေးချိန်တက်ခဲ့တာဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်…

ထို့နောက် အင်တာနက်သုံးစွဲသူဟာ Yoo Seung Ho ရဲ့ မကြာသေးမီက ရိုက်ကူးထားတဲ့ ဓာတ်ပုံများကိုထုတ်ပြခဲ့ပြီး မင်းသားအနေနဲ့ ကိုယ်အလေးချိန် အလွန်အမင်း လျော့ကျသွားခဲ့တာကို ထင်ရှားအောင်ပြသခဲ့ပါတယ်

netizen တွေက

“ကိုယ်အလေးချိန်ကျနေချိန်မှာ ကြွက်သားတွေတည်ဆောက်ဖို့ ဆုံးဖြတ်ခဲ့တာလား…”

“Oppa TTTTTT”

“အပျက်သဘောဆောင်တဲ့ တုံ့ပြန်မှုတွေကြောင့် ကျော်ကြားသူတွေလည်း ခက်ခဲပါတယ်”

“ပထမဆုံးပုံက ကိုယ်အလေးချိန်တက်လာတုန်းက…?

“Yoo Seung Ho က အရမ်းချောတာပဲ TTTT”

“သူ ဒီလောက်တောင် ခက်ခက်ခဲခဲ ကြုံခဲ့ရတာပဲ..”

“နှစ်ယောက်လုံးက အရမ်းကြည့်ကောင်းတာပဲ…”

“Seung Ho က အမြဲတမ်း ချောတယ်.. မိုက်တယ်”

“Weight ဘယ်လောက်လဲ? ”

“Seung Ho ငါ မင်းကို ချစ်တယ် TTTTTT”

“သူက ကိုယ်အလေးချိန် တက်လာရင်တောင် အရမ်းချောတာပဲ… Seung Ho မင်းက အရမ်းချောတာပဲ” လို့မှတ်ချက်ပေးခဲ့ကြပါတယ်

error: Content is protected !!