မင်းသမီး Park Min Young က ‘High Kick’ ဇာတ်လမ်းတွဲတုန်းက သူမကိုယ်သူမ မလှဘူးလို့ ထင်ကြောင်း ပြောပြခဲ့ပါတယ်။
2006 ခုနှစ်၊ နိုဝင်ဘာလ 2ရက်နေ့မှာ MBC ရဲ့ Docu Flex မှတ်တမ်းဇာတ်လမ်းတွဲမှာ Park Min Young က ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ခဲ့တာပါ။ အဆိုပါအထူးအစီအစဥ် ‘High Kick’ ဟာ Park Min Young ရဲ့ ကိုရီးယားအသက် 21 နှစ်အရွယ်တုန်းက ရိုက်ကူးခဲ့တာဖြစ်ပါတယ်။
MBC အင်တာဗျူးအတွက် Park Min Young ထိုင်နေစဉ် မှတ်တမ်းရုပ်ရှင်ထုတ်လုပ်ရေးအဖွဲ့ဟာ သူမအနေနဲ့ ‘High Kick!’ မှာပါဝင်ဖြစ်ခဲ့တဲ့ အကြောင်းကိုမေးမြန်းလာခဲ့ပြီး ပထမဆုံးအကြိမ်ပါဝင်တဲ့ဇာတ်ဝင်ခန်းကိုဖွင့်ပြခဲ့ပါတယ်။
မင်းသား Kim Hye-seong (Lee Min-ho) က Park Min Young (Kang Yu-mi) ကို စိုက်ကြည့်ပြီး
“ဝိုး…သူမ အရမ်းလှတယ်” လို့ ပြောခဲ့တဲ့ အပိုင်းပါ။
Park Min Young က အဲ့ဒီအပိုင်းကို ကြည့်ပြီးချိန်မှာတော့ သူမကကျယ်လောင်စွာနဲ့
“အိုး…မဟုတ်ဘူး!” လို့အော်ပြောခဲ့ပါတယ်။
MBC က သူမ ဘာကြောင့် ထအော်တာလဲလို့မေးမြန်းခဲ့ရာမှာတော့… မင်းသမီးက
“အိုး…! သူက အရမ်းလှတယ်လို့ပြောနေတယ်လေ…ဒါပေမယ့် လုံးဝမလှဘူး”လို့ပြောခဲ့ပါတယ်။
ထို့နောက် သူမ ပါးစပ်ကို ဖုံးဖိကာ ဇာတ်လမ်းတွဲကို ကြည့်ရင်း သူမကိုယ်သူမပြန်ကြည့်ရတာကို ထိတ်လန့်သွားဟန်ပုံလည်းပေါက်ခဲ့ပါတယ်။
Park Min Young အနေနဲ့သူမဟာ ငယ်ရွယ်ပြီး လှပသော်လည်း ပရိသတ်တွေကတော့ ပခုံးတွန့်ပြရုံသာတတ်နိုင်ခဲ့ကြပါတယ်။