အုံးလွဲနေလို့မလှုပ်နိုင်တာတောင် မငြီးမငြူလိုက်ဖြည့်ဆည်းပေးခဲ့တဲ့ ခင်ပွန်းဖြစ်သူကို ချစ်မဝဖြစ်နေတဲ့ ရွှေမှုံရတီ

အုံးလွဲနေလို့မလှုပ်နိုင်တာတောင် မငြီးမငြူလိုက်ဖြည့်ဆည်းပေးခဲ့တဲ့ ခင်ပွန်းဖြစ်သူကို ချစ်မဝဖြစ်နေတဲ့ ရွှေမှုံရတီ

အနုပညာရှင်စုံတွဲတွေကြားမှာ လူငယ်စုံတွဲလေးဖြစ်တဲ့ဖြစ်ပြီး အရမ်းကိုRoကြတဲ့ ရွှေနှစ်ရွှေတို့စုံတွဲလေးက ပရိသတ်တွေနဲ့ ရင်းနှီးပြီးသား အတွဲလေးပါ။

ပရိသတ်တွေ သဝန်တို အားကျရလောက်အောင်တစ်ယောက်ကို တစ်ယောက် အရမ်းချစ်တတ်လွန်းလို့ ဒုတိယ‌မြောက် ရိုမိယို၊ ဂျူးလီယက်စုံတွဲလေးလို့တောင် သတ်မှတ်ထားရတဲ့ စုံတွဲလေးဖြစ်ပါတယ်။

အနုပညာနယ်ပယ်အသီးသီးမှာကိုယ်စီ အောင်မြင်မှုတွေကို ပိုင်ဆိုင်ထားပြီး အမာခံပရိသတ်တွေရဲ့ အားပေးမှုတွေကိုအပြည့်အဝရရှိထားတဲ့ အနုပညာရှင်စုံတွဲလေးလည်းဖြစ်ပါတယ်။

ယခုဆိုရင်တော့ အိမ်ထောင်သက်တမ်းအနည်းငယ်ကြာနေပြီဖြစ်ပေမယ့် အရင်လိုပဲ တစ်ယောက်ကိုယ် တစ်ယောက်ချစ်လို့ မဝနိုင်ဖြစ်နေတဲ့ ရွှေနှစ်ရွှေတို့ ဇနီးမောင်နှံကတော့ပရိသတ်တွေကြားမှာ အကဲပိုပြီး ချစ်စရာကောင်းတဲ့ ဇနီး‌မောင်နှံလေးအဖြစ် နာမည်ကြီးပါသေးတယ်။

နှစ်ယောက်သား ယုံကြည် နားလည်မှုတွေနဲ့ အိမ်ထောင်တစ်ခုကိုတည်ဆောက်ထားပြီး သာယာ‌ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကိုဖန်တီးနိုင်ဖို့ ကြိုးစားနေတာကို မြင်တွေ့ရမှာပါ။

ပရိသတ်တွေအတွက် ကြည်နူးစရာအခိုက်အတံ့တွေကို အမြဲတမ်း မျှဝေပေးလေ့ရှိတဲ့ရွှေနှစ်ရွှေဟာ ဒီကနေ့မှာလည်း သူတို့နှစ်ယောက်ရဲ့ တစ်နေ့တာဖြတ်သန်းခဲ့တဲ့ အမှတ်တရအချို့ကို ပရိသတ်တွေဆီ ပြသလာပါတယ်။

ရွှေမှုံရတီက သူမလက်လည်းခြေသည်းအလှပြင်တဲ့နေရာဆီလိုက်ပို့ပြီး မငြီးမငြူ ထိုင်နေပေးခဲ့တဲ့ ခင်ပွန်းဖြစ်သူ ရွှေထူးနဲ့အမှတ်တရလေးကို အခုလိုပဲ မျှဝေပေးလာခဲ့ပါတယ်။

ရွှေထူးနဲ့ ရွှေမှုံရတီတို့ကတော့အိမ်ထောင်သက်တမ်း (၅) နှစ်နီးပါးရှိနေပြီဆိုပေမယ့် ရင်သွေးမယူသေးပဲနှစ်ယောက်တည်းအချိန်ကုန်ဆုံးရင်း ပျော်ပျော်ရွှင်ရွှင်ရှိနေတာပဲ ဖြစ်ပါတယ်။

ပရိသတ်ကြီးလည်း ရွှေနှစ်ရွှေရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး အပျော်တွေကူးစက်သွားမယ် ထင်ပါတယ်နော်။

error: Content is protected !!