တောတွင်းတနေရာမှာ အခက် အခဲတွေကိုကျော်လွားပြီးကြိုးစားရုန်းကန်နေတဲ့ပုံလေးတွေကို အလွမ်းပြေထုတ်ပြလာခဲ့တဲ့မြနှင်းရည်လွင်

တောတွင်းတနေရာမှာ အခက် အခဲတွေကိုကျော်လွားပြီးကြိုးစားရုန်းကန်နေတဲ့ပုံလေးတွေကို အလွမ်းပြေထုတ်ပြလာခဲ့တဲ့မြနှင်းရည်လွင်

ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသမီးချောလေး မြနှင်းရည်လွင် ကတော့ အနုပညာလောကကိုမော်ဒယ်ဓာတ်ပုံတွေ ရိုက်ကူးရင်းဝင်ရောက်လာခဲ့ပြီး နောက်ပိုင်းမှာ ဇာတ်လမ်းတွဲရိုက်ကူးရင်းနာမည်ကြီးလူကြိုက်များလာခဲ့တဲ့ မင်းသမီးချောလေးဖြစ်ပါတယ်။

MRTV-4 က ရိုက်ကူးထုတ်လွှင့်ခဲ့တဲ့ နာမည်ကြီးဇာတ်လမ်းတွဲ တစ်ခုဖြစ်တဲ့ ” ငွေစက္ကူခုနှစ်ရွက် ”ဆိုတဲ့ဇာတ်လမ်းတွဲမှာ ထူးခြားတဲ့အိုက်တင်တွေနဲ့ အကောင်းမွန်ဆုံးသရုပ်ဆောင်နိုင်ခဲ့တာကြောင့် ပရိသတ်တွေအားပေးမှု့ကို ရရှိခဲ့ပါတယ်။

ဒါအပြင် မြန်မာဝတ်စုံလေးတွေကိုသာ မြတ်မြတ်နိုးနိုး ဝတ်ဆင်တတ်ပြီး ပြည်သူတွေအားလုံးလေးစားချစ်ခင်ရတဲ့ အမေဒေါ်အောင်ဆန်းစုကြည် နဲ့ မျက်နှာပေါက်ချင်းဆင်တာကြောင်းလဲပရိသတ်တွေက ပိုမိုသတိထားမိပြီး ချစ်ခင်အားပေးလာခဲ့ပါတယ်။

ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေကို ရောက်ရှိနေတဲ့ မင်းသမီးလေးမြနှင်းရည်လွင် ဟာ တိုင်းပြည်အတွက် တာဝန်တွေကိုကြိုးစားထမ်း‌ဆောင်နေတာပဲ ဖြစ်ပါတယ်။

လူမူ့ကွန်ယက်ပေါ်မှာ လှုပ်ရှားမူ့ဓာတ်ပုံတွေ သိပ်မတင်ဖြစ်တဲ့ သူမကိုတော့ ချစ်ရတဲ့ပရိသတ်တွေအားလုံးက လွမ်းနေကြတာ ဖြစ်ပါတယ်။

ဒါကြောင့်လဲပရိသတ်တွေက ဘေးကင်းကျန်းမာစေဖို့ နေ့စဥ်ဆုတောင်းပေးနေကြတာလဲ ဖြစ်ပါတယ်။ဒီကနေ့မှာတော့ မြနှင်းရည်လွင် ဟာ တောထဲမှာအဆင်ပြေပြေ ရှိနေတဲ့အကြောင်းကို ဓာတ်ပုံလေးတွေနဲ့အတူလူမူ့ကွန်ယက်မှတစ်ဆင့် အသိပေးလိုက်ပါတယ်။

သူမရဲ့ဓာတ်ပုံလေးတွေကို ချစ်တဲ့ပရိသတ်တွေအတွက် ပြန်လည်မျှဝေတင်ဆက် ပေးလိုက်ပါတယ်နော်။

error: Content is protected !!