စစ်မှုထမ်းတာဝန်ပြီးဆုံးသွားပြီဖြစ်တာမလို့ ပရိသတ်ရှေ့ကိုအရောက်ပြန်လာတော့မယ့် Kim Myung Soo

INFINITE’s Kim Myung Soo ဟာဆိုရင် စစ်မှုထမ်းတာဝန်တွေကို အဆုံးသတ်နိုင်ခဲ့ပြီဖြစ်ပါတယ်။

Kim Myung Soo ဟာ ၂၀၂၁၊ ဖေဖော်ဝါရီလ (၂၂) ရက်နေ့မှာ Marine Corps ထံ ဝင်ရောက်စစ်မှုထမ်းခဲ့တာဖြစ်ပြီး သူ့ဗာရှင်းအသစ် “Part 2”အဖြစ် ပြန်လည်ရောက်ရှိလာပါ့မယ်လို့ ပရိသတ်တွေကို ကတိပြုစကားကို ဗီဒီယိုကနေတစ်ဆင့် ပြောကြားခဲ့ပါတယ်။

အခုလို စစ်မှုထမ်းကာလ ပြီးဆုံးသွားခဲ့တဲ့ Kim Myung Soo ဟာ ဩဂုတ်လ (၂၂) ရက်နေ့မှာ Instagram ကနေ “အသစ်အဆန်းသော အရာတွေကို ခံစား၊ သင်ယူခဲ့တဲ့အချိန်အတွင်း ကျွန်တော် Marines တပ်ထဲ ကျန်းမာရေးကောင်းစွာ နေထိုင်ခဲ့ရပါတယ်။

စောင့်ဆိုင်းနေကြတဲ့ လူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ အခုတော့ Part 2 စတင်ခဲ့ပြီပေါ့။”လို့ ရေးသားထားပြီး သူ့အနေနဲ့ ရေတပ်သားဘွဲ့ရရှိခဲ့တဲ့ ဓာတ်ပုံကိုလည်း ပူးတွဲတင်ထားခဲ့ပါသေးတယ်။

Kim Myung Soo ဟာ ၂၀၁၀ ဇွန်လတုန်းက INFINITE အဖွဲ့မှာ L နာမည်နဲ့ ပွဲထွက်လာခဲ့သူဖြစ်ပြီး ၂၀၁၉ ဩဂုတ်လမှာတော့ Woollim Entertainment နဲ့ လက်တွဲဖြုတ်ခဲ့ပါတယ်။ ဒါပေမယ့် သူဟာ ဒီအဖွဲ့ရဲ့ အဖွဲ့သားတစ်ဦး ဖြစ်နေဆဲပါပဲ။

သူဟာဆိုရင် “Royal Secret Agent”၊ “Meow, the Secret Boy”၊ “Angel’s Last Mission: Love”၊ စတာတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးပြီး စစ်မှုမထမ်းခင် သူ့တစ်ကိုယ်တော်တေးသီချင်း “Memory”ကို ဖြန့်ချီခဲ့ပါသေးတယ်။

error: Content is protected !!