မမျှော်လင့်ဘဲဖြစ်ပေါ်လာတဲ့အခြေအနေတွေကြောင့် ဖျက်သိမ်းခဲ့ရတဲ့ တောင်ကိုရီးယားဒရမ်မာများ…

1. Prometheus

Prometheus ဟာဆိုရင် Ha Ji Won နဲ့ Jin Goo တို့ ပါဝင်သရုပ်ဆောင်ထားပြီး လူအများစောင့်မျှော်နေရတဲ့ K-Drama တစ်ခုဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ရိုက်ကူးရက်ကို နောက်ဆုတ်နေခဲ့တဲ့အတွက် Ha Ji Won ဟာ တခြားရိုက်ကူးချိန်တွေနဲ့ တိုက်နေတဲ့အတွက် ဒီစီးရီးကနေ ထွက်ခွာသွားခဲ့တာပါ။ အဲ့နောက်မှာတော့ Prometheus ကို ထုတ်လွှင့်မယ့် Network ဖြစ်တဲ့ MBC အနေနဲ့ ဒီရှိုးကို ထုတ်လွှင့်သွားဖို့ အစီအစဉ်မရှိတော့ကြောင်း ကြေညာာလလာခဲ့တာပါ။

2. School 2020

School 2020 ကို အစကတော့ ၂၀၂၀ ဩဂုတ်လမှာ စတင်ထုတ်လွှင့်ဖို့ စီစဉ်ထားခဲ့ပြီး Kim Yohan နဲ့ Ahn Seo Hyun တို့ ပါဝင်သရုပ်ဆောင်ဖို့ စီစဉ်ထားခဲ့တာပါ။ ဒါပေမယ့် Ahn Seo Hyun ရဲ့ ဖခင်ဖြစ်သူက ဒီရှိုးထုတ်လုပ်သူတွေကို တရားလွန်တောင်းဆိုမှုတွေ ပြုလုပ်လာတဲ့အချိန်မှာတော့ အဆင်မပြေမှုတွေဖြစ်ခဲ့ပြီး Ahn Seo Hyun ကို သရုပ်ဆောင်စာရင်းက ထုတ်ပယ်ခဲ့ပါတယ်။

အဲ့နောက်မှာတော့ ထုတ်လုပ်သူတွေက အမျိုးသမီးအဓိကဇာတ်ကောင်နေရာကို Kim Sae Ron ထံ ကမ်းလှမ်းခဲ့တာပါ။ ဒါပေမယ့် သိပ်မကြာခင်မှာတော့ KBS အနေနဲ့ School 2020 ကို သူတို့ Network ကနေ မထုတ်လွှင့်ဖို့ ဆုံးဖြတ်လိုက်ပြန်ပါတယ်။ နောက်ဆုံးမှာတော့ School 2020 ကို School 2021 လို့ပြောင်းလဲခဲ့ပြီး KBS ကပဲ ထုတ်လွှင့်ဖြစ်ခဲ့ပါတယ်။

3. Four Sons

Four Sons ဟာ လူအများစောင့်မျှော်ခဲ့ရတဲ့ K-Drama ဖြစ်ပြီး Park Hae Jin နဲ့ Nana တို့က ပါဝင်သရုပ်ဆောင်သွားဖို့ စီစဉ်ထားခဲ့တာပါ။ ဒါပေမယ့် ထုတ်လုပ်ရေးကုမ္ပဏီက မတော်မတန် တောင်းဆိုမှုတွေ ပြုလုပ်ခဲ့ပြီး အလုပ်သမားတွေကိုလည်း လုပ်ခမပေးအပ်ခဲ့တာကြောင့် ပြဿနာတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

အဲ့နောက်မှာတော့ သရုပ်ဆောင်အများစုဟာ ဒီရှိုးကနေ ထွက်ခွာခဲ့ကြပါတယ်။ ဒါ့အပြင် Park Hae Jin အနေနဲ့တော့ Four Sons ထုတ်လုပ်ရေးကုမ္ပဏီကို တရားတောင်ဆွဲခဲ့ပါသေးတယ်။

4. So I Married An Anti-Fan

So I Married An Anti-Fan K-Drama version မှာတော့ Girls’ Generation‘s Sooyoung နဲ့ Choi Tae Joon တို့ ပါဝင်လာဖို့ စီစဉ်ထားခဲ့တာပါ။ ဒါပေမယ့် ထုတ်လုပ်ရေးအဖွဲ့အနေနဲ့ စီးရီးထုတ်လွှင့်ပေးမယ့် Station မရှာနိုင်ခဲ့တာကြောင့် ဒီ K-Drama ကို တီဗီကနေ ထုတ်လွှင့်နိုင်ခဲ့ခြင်းမရှိပါဘူး။ ဒါပေမယ့် ၂၀၂၁ ဧပြီလမှာတော့ Naver TV ကနေထုတ်လွှင့်ခဲ့ပါတယ်။ ဒါဟာ ရိုက်ကူးမှုအပြီး (၃) နှစ်ကြာမှ ထုတ်လွှင့်နိုင်ခဲ့တာပါ။

5. Wolf

Wolf ဟာဆိုရင် 16 episode ရှိတဲ့ K-Drama အဖြစ် ရိုက်ကူးသွားဖို့ စီစဉ်ထားခဲ့ပေမယ့် 3 episodes အပြီးမှာ ဖျက်သိမ်းခြင်း ခံခဲ့ရပါတယ်။ အဓိကသရုပ်ဆောင် Eric အပါအဝင် သရုပ်ဆောင်တွေ အနာတရဖြစ်ခဲ့တာကြောင့် ရိုက်ကူးမှုကို အနောက်ဆုတ်ခဲ့ရပါတယ်။

အဲ့နောက်မှာ Wolf အနေနဲ့ ရိုက်ကူးမှုပြန်လည်စတင်ဖို့ ကြိုးစားခဲ့ပေမယ့် ရိုက်ကူးရက်ရွှေ့ပြောင်းမှုတွေ ဆက်တိုက်ရှိနေခဲ့တာကြောင့် နောက်ဆုံးမှာတော့ ဒီရှိုးကို ဖျက်သိမ်းလိုက်တာပါ။

error: Content is protected !!