နှစ်တွေအကြာကြီးတွဲလာခဲ့ကြတဲ့တောင်ကိုရီးယားအနုပညာလောကမှ နာမည်ကျော် စံပြစုံတွဲများ…

Park Shin Hye နဲ့ Choi Tae Joon တို့ဟာ လေးနှစ်ကြာတွဲပြီး မကြာသေးခင်ကမှလက်ထပ်ခဲ့ကြတဲ့ Star Couple စုံတွဲဖြစ်ပါတယ်။

သူတို့နှစ်ဦးလုံးဟာ Chung Ang တက္ကသိုလ်ရဲ့ ပြဇာတ်နှင့် ရုပ်ရှင်ဌာနမှာ တွေ့ဆုံခဲ့ပြီးနောက် 2017 နှစ်ကုန်မှာစတင်ချိန်းတွေ့ခဲ့ကြပါတယ်။

နှစ်ဦးသားဟာ 2018 ခုနှစ် မတ်လမှာ ချိန်းတွေ့ခဲ့ကြတာဖြစ်ကြောင်း ဝန်ခံခဲ့ကြတဲ့ချစ်စရာစုံတွဲလေးပဲဖြစ်ပါတယ်။

Park Shin Hye နဲ့ Choi Tae Joon တို့လို နှစ်ရှည်လများစွာ တွဲနေကြတဲ့ အခြားသော နာမည်ကျော် အနုပညာရှင်စုံတွဲတွေဟာလည်း ကိုရီးယားအနုပညာလောကမှာ အများကြီးရှိနေပါသေးတယ်။

ဒါကြောင့် ပရိသတ်တွေအနေနဲ့သူတို့ဘယ်တော့လက်ထပ်ဖြစ်ကြမလဲဆိုတာကို ရင်ခုန်နေကြပါပြီ။

ဘယ်အနုပညာရှင်စုံတွဲတွေက သူတို့ရဲ့ အချစ်ရေးကိုဘယ်လိုဖွင့်ဟလာပြီး ဘယ်တော့ လက်ထပ်မယ်ဆိုတာကို ပရိသတ်များက အာရုံစိုက်လာကြပါတယ်။

ဒါကြောင့် ကိုရီးယား ဖျော်ဖြေရေးလောကမှာ ကာလအတန်ကြာ တွဲခဲ့ကြတဲ့ နာမည်ကြီး စုံတွဲတွေရဲ့ စာရင်းကို ဖော်ပြပေးလိုက်ပါတယ်။

Park Se Young နှင့် Kwak Jung Wook

Park Se Young နှင့် Kwak Jung Wook တို့ဟာ ကိုးနှစ်ကြာလက်တွဲပြီးနောက် လက်ထပ်တော့မည်ဖြစ်ကြောင်း မကြာသေးမီကမှအေဂျင်စီဘက်နေ ကြေညာခဲ့ပါတယ်။

သူတို့နှစ်ဦးဟာ ဖေဖော်ဝါရီမှာ လက်ထပ်တော့မယ်လို့ သူတို့ရဲ့အေဂျင်စီတွေကတစ်ဆင့် ကြေညာခဲ့ပါတယ်။

Park Se Young နဲ့ Kwak Jung Wook တို့ဟာ 2013 ခုနှစ်မှာ သူတို့ရဲ့ အချစ်ရေးကို ကြေငြာခဲ့ပြီး ကိုးနှစ်ကြာအောင် ခိုင်မြဲတဲ့ အချစ်ရေးကို ခရီးဆက်ခဲ့ကြပါတယ်။

Shin Min Ah နှင့် Kim Woo Bin

မင်းသမီး Shin Min Ah နှင့် Kim Woo Bin တို့ဟာ 2015 ခုနှစ်တုန်းက ကြော်ငြာရိုက်ကူးရေးတစ်ခုမှာ တွေ့ဆုံပြီးနောက် သူတို့ရဲ့ Dating သတင်းများ ထွက်ပေါ်ခဲ့ပါတယ်။

နှစ်ဦးကြားကဆက်ဆံရေးကို ဝန်ခံခဲ့ပြီး ခုနစ်နှစ်ကြာ ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။

အထူးသဖြင့် Shin Min Ah ဟာ 2017 ခုနှစ်တွင် ကင်ဆာရောဂါကိုကုသနေရတဲ့ သူမရဲ့ချစ်သူ Kim Woo Bin ရဲ့အနားမှာနေခဲ့တာမလို့ သူမမပြောင်းလဲသော ချစ်ခြင်းမေတ္တာအတွက် ချီးကျူးမှုကိုရရှိခဲ့ပါတယ်။

Se7en နှင့် Lee Da Hae

Se7en နှင့် Lee Da Hae တို့ဟာ 2016 ခုနှစ်မှာသူတို့ရဲ့ အချစ်ရေးကို ဝန်ခံခဲ့ကြပါတယ်။

သူတို့နှစ်ယောက်ဟာ ဖျော်ဖြေရေးလောကထဲကို ဝင်ရောက်လာတာကြောင့် တစ်ယောက်နဲ့တစ်ယောက် သိကျွမ်းခဲ့ကြတာပါ။

သူတို့နှစ်ယောက်ဟာ (၇)နှစ်ကျော်ကြာအောင် လက်တွဲခဲ့ကြတာဖြစ်ပြီးလူမြင်ကွင်းမှာ လည်း တစ်ယောက်နဲ့တစ်ယောက်​ကြားက ချစ်ခင်မှုကို ထုတ်ဖော်ပြတတ်ကြသူတွေပါ။

Ma Dong Suk နှင့် Ye Jung Hwa

Ma Dong Suk နှင့် Ye Jung Hwa တို့ဟာ 2016 ခုနှစ်ကတည်းက ချစ်သူတွေဖြစ်ခဲ့ကြပြီး ခြောက်နှစ်ကြာအောင် ချစ်ခဲ့ကြတဲ့သူတွေပါ။

Ma Dong Suk ဟာ သူ့ရဲ့ အိမ်ထောင်ရေးအစီအစဉ်တွေကို မကြာခဏဆိုသလို ပြောပြခဲ့သလို သူ့ချစ်သူကို ချစ်ကြောင်းလည်း မကြာခဏဆိုသလို ပြောပြတတ်တဲ့ရိုမန့်တစ်ဆန်သူကြီးပဲဖြစ်ပါတယ်။

Lee Dong Hwi နှင့် Jung Ho Yeon

Lee Dong Hwi နှင့် Jung Ho Yeon တို့ဟာ 2015 ခုနှစ်ကတည်းက ခုနစ်နှစ်ကြာတွဲလာခဲ့ကြပါတယ်။

‘Reply’ မှ နာမည်ကြီးလာပြီးနောက် မကြာမီ 1988 မှာတော့ Lee Dong Hwi က မော်ဒယ် Jung Ho Yeon နဲ့ သူ့ရဲ့ဆက်ဆံရေးကို ဝန်ခံခဲ့ပါတယ်။

သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို လူမှုကွန်ရက်မှာ အမျိုးမျိုးသော ဓါတ်ပုံတွေ တင်ရင်း မျှဝေခဲ့ကြတာပါ။

Dawn နဲ့ HyunA

Dawn နှင့် HyunA တို့ဟာ သူတို့ဆက်ဆံရေးနှင့် အချစ်ကို ဆိုရှယ်မီဒီယာမှတစ်ဆင့် ဂုဏ်ယူစွာ မျှဝေခဲ့ကြတာမလို့ K-pop လောကရဲ့ အချစ်တတ်ဆုံးစုံတွဲဖြစ်နိုင်ပါတယ်။

2018 ခုနှစ်မှာတော့ သူတို့နှစ်ယောက်ရဲ့ အချစ်ရေးကို ကြေငြာခဲ့ပြီး သူတို့နှစ်ယောက် တွဲနေတာ နှစ်နှစ်ရှိပြီ ဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်။

ဒါကြောင့် သူတို့နှစ်ယောက်ရဲ့ အချစ်ရေးဟာ ခြောက်နှစ်ကျော်ကြာအောင် တိုးလာခဲ့တာ ဖြစ်ပါတယ်။

Ryu Joon Yeol နှင့် Hyeri

Ryu Joon Yeol နှင့် Hyeri တို့ဟာ ရေပန်းစားသော ‘Reply 1988’ စီးရီးကို ရိုက်ကူးရင်း 2015 ခုနှစ်တွင် တွေ့ဆုံခဲ့ကြပါတယ်။

သူတို့နှစ်ဦးဟာ ဇာတ်ကားရိုက်ကူးစဉ်မှာ ချစ်ကြိုက်ခဲ့ကြပြီး ဒရမ်မာပြီးဆုံးပြီးနောက် ချစ်သူတွေဖြစ်ခဲ့ကြပါတယ်။

Lee Kwang Soo နှင့် Lee Sun Bin

Lee Kwang Soo နှင့် Lee Sun Bin တို့ဟာ Lee Sun Bin တစ်ယောက် အထူးဧည့်သည်တော်အဖြစ် ပေါ်လာခဲ့တဲ့ 2018 ခုနှစ်မှာ တွေ့ဆုံခဲ့ကြပါတယ်။

Lee Kwang Soo က သူမရဲ့ Type ဖြစ်ပြီးဆွဲဆောင်မှုရှိကြောင်း ချစ်သူ Sun Bin ကပြောခဲ့ပါနတယ်။ အဲ့နောက် ချစ်သူတွေဖြစ်ခဲ့ကြပြီး ဒီနေ့အထိ အချစ်တွေ ဆက်ရှိခဲ့ကြပါတယ်။

Yoon Hyun Bin နှင့် Baek Jin Hee

Yoon Hyun Bin နှင့် Baek Jin Hee တို့ဟာ ‘My Daughter, Geum Da Wol’ ဇာတ်လမ်းတွဲမှာ အတူပါဝင်ခဲ့ပြီးနောက် 2016 ခုနှစ်တွင် စတင်ချိန်းတွေ့ခဲ့ကြပါတယ်။

သူတို့ရဲ့ အိမ်မွေးတိရစ္ဆာန်များကို ဆိုရှယ်မီဒီယာတွင် ထုတ်ဖော်ပြသကာ အထိမ်းအမှတ်ပွဲ အမျိုးမျိုးကို အတူတကွ ကျင်းပခဲ့တဲ့ ဓာတ်ပုံများကို မျှဝေခြင်းဖြင့်သူတို့ကြားက ချစ်ခြင်းမေတ္တာကို ဖော်ညွှန်းလျက်ရှိပါတယ်။

Hwang Bo Ra နှင့် Cha Hyun Woo

Hwang Bo Ra နှင့် Cha Hyun Woo တို့ဟာ ဘုရားကျောင်းတွင် တွေ့ဆုံခဲ့ကြပြီး 2013 ခုနှစ်ကတည်းက ချိန်းတွေ့ခဲ့ကြသူတွေပါ။

သူတို့နှစ်ဦးဟာ ဆယ်နှစ်နီးပါးကြာမျှ ချစ်မြဲချစ်နေသူတွေပါပဲ။

သင်ကော ထာဝရလက်တွဲဖော်တွေ့နေပြီလား…?

error: Content is protected !!