မွေးနေ့တစ်ရက်တည်းကျတဲ့ သားနဲ့သမီးကို အမှတ်တရ စကားလေးတွေနဲ့ ဆုတောင်းပေးလာတဲ့ မြတ်ရတနာကျော်

မွေးနေ့တစ်ရက်တည်းကျတဲ့ သားနဲ့သမီးကို အမှတ်တရ စကားလေးတွေနဲ့ ဆုတောင်းပေးလာတဲ့ မြတ်ရတနာကျော်

မြတ်ရတနာကျော်ကတော့ သီချင်းဗီဒီယိုလေးတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး နာမည်ရအောင်မြင်လာခဲ့တာ ဖြစ်ပါတယ်။

အပြုံးချိုချိုလေးတွေနဲ့ ချစ်စရာကောင်းတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့ မြတ်ရတနာကျော်ကို ယောက်ျားလေးပရိသတ်တွေရော မိန်းကလေးပရိသတ်တွေပါ ကြွေနေရတာ ဖြစ်ပါတယ်။

မြတ်ရတနာကျော်က အဆိုတော်အာဘွိုင်းနဲ့ ထိမ်းမြားလက်ထပ်ပြီး ချစ်စရာကောင်းတဲ့ သမီးလေးတစ်ယောက် နဲ့ သားလေးတစ်ယောက်ကို ပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။

ယနေ့မှာတော့ မွေးနေ့တစ်ရက်တည်းကျတဲ့ သားနဲ့သမီးကို အမှတ်တရ စကားလေးတွေနဲ့ ဆုတောင်းပေးလာပါတယ် ။

” Happy Blessed Birthday သမီးလေး Scarlett & သားလေး Jaden 🎂♥️💙 သားလေးတစ်ယောက် သမီးလေးတစ်ယောက်ရဖို့ အိမ်ထောင် စပြုမယ်ဆိုတည်း က ဆုတောင်းခဲ့တာ တကယ်ကို ဘုရားသခင် က မြတ်ရဲ့ မွေးနေ့ January 22 မှာပဲ အမြဲတမ်း လက်ဆောင် အဖြစ်ပေးတယ် ♥️💙 တမင်ရက်ရွေးပြီး ယူထားတာ မဟုတ်သလို ရက်ရွေးပြီး မွေးထားတာလည်း မဟုတ်ပါဘူး 💙♥️သားလေး Jaden ၁နှစ်ပြည့် မွေးနေ့နဲ့ သမီးလေး Scarlett ၄နှစ်ပြည့်မွေးနေ့ကို ပြင်ဆင်ပေးတယ့် ဘုရားသခင်ကျေးဇူးတော်ကို ချီးမွမ်းပါတယ် 🙏🏻သမ္မာတရားနဲ့ အသက်ရှင်သော ဘုရားစကားနားထောင်တဲ့ ဘုန်းကြီးပြီးအသက်ရှည်သော သားနဲ့သမီး ဖြစ်ပါစေ ♥️💙🙏🏻 အရမ်းချစ်တယ် အသဲနှစ်တုံး 😘♥️💙” ဆုတောင်းစာလေးဖြစ်ရာ ပြန်လည် ဝေမျှပေးလိုက်ပါတယ် ။

error: Content is protected !!