ရွှေရောင်တောက်ပခဲ့တဲ့အတိတ်နေ့ရက်တွေဆီက’ရွှေမင်းသမီးရဲ့ချစ်ပုံပြင်’နဲ့’ကော်ဖီချစ်သူ’တို့ကိုသတိရနေ​တဲ့ မင်းသမီး Yoon Eun Hye

မင်းသမီး Yoon Eun Hye က ‘Princess Hours’ နဲ့’Coffee Prince’ တို့ဟာ သူမဘဝအတွက် အမှတ်ရစရာအကောင်းဆုံးဒရာမာများဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။

TV CHOSUN ရဲ့ ‘Huh Young Man’s Food Travel’ မှာ Yoon Eun Hye က ဧည့်သည်အဖြစ် ပါဝင်ခဲ့တာပါ။

Huh Young Man နဲ့ ထမင်းစားနေစဉ်မှာ Yoon Eun Hye က သူမကို ကိုယ်စားပြုတယ်လို့ ထင်ရတဲ့ ဒရာမာဇာတ်ကားကို ရွေးနိုင်မလားလို့ မေးခဲ့ပါတယ်။

Yoon Eun Hye က “တကယ်တော့ ကျွန်မအတွက် အမှတ်ရစရာအကောင်းဆုံး ဒရာမာ နှစ်ခုရှိတယ်… ပထမတစ်ခုက ‘Princess Hours’ ပါ…”

သူမက “ဒါဟာ လူကြိုက်များတဲ့ ရုပ်ပြစာအုပ်ကို အခြေခံထားတာပါ…’Princess Hours’ ဟာ ကျွန်မရဲ့ ပထမဆုံး သရုပ်ဆောင်တဲ့ ပရောဂျက်ပါ…”

“Princess Hours” မှာသရုပ်ဆောင် ပြီးတာနဲ့ ‘Coffee Prince’ မှာလည်း ပါဝင်ခွင့်ရခဲ့တယ်… အဲ့ဒါနဲ့အတူထိပ်ဆုံးကိုရောက်ရှိခဲ့ပါတယ်”လို့ ကျေနပ်စွာနဲ့မျှဝေလာပါတယ်။

“set မှာ နေ့တိုင်း အရမ်းပျော်ရတယ်…ကျွန်မ တင်မကပါဘူး တခြားသူ တွေလည်း ပျော်ရတယ်” လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။

အဲ့နောက် Huh Young Man က “Coffee Prince Junior ဖြစ်တော့မှာလား”လို့မေးခဲ့ရာမှာတော့ Yoon Eun Hye က ရယ်ပြီး “မဟုတ်ဘူး” လို့ဆိုကာ ရယ်မောရင်းပြန်လည်ဖြေကြားခဲ့ပါတယ်။

Yoon Eun Hye နဲ့ မင်းသား Ju Ji Hoon တို့ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ‘Princess Hours’ဟာ 2006 ခုနှစ်အတွင်း အကျော်ကြားဆုံးဒရာမာများထဲမှ တစ်ကားဖြစ်ပါတယ်။

မင်းသမီး Yoon Eun Hye က ‘Shin Chae-kyung’ အဖြစ် သရုပ်ဆောင်ခဲ့ပါတယ်။

‘Coffee Prince’ က (2007) မှာ ထွက်ရှိခဲ့ကာအလွန်ရေပန်းစားခဲ့သော ဒရာမာတစ်ကားဖြစ်သလို Yoon Eun Hye က ‘Ko Eun-chan’ နေရာမှာ မင်းသား Gong Yoo နဲ့အတူ သရုပ်ဆောင်ခဲ့ပါတယ်။

error: Content is protected !!