သူငယ်စဥ်ဘဝတုန်းကအင်မတန်ဆင်းရဲခဲ့ကြောင်းပြောပြလာတဲ့ K2 မင်းသားချော Ji Chang Wook

သရုပ်ဆောင် Ji Chang Wook ဟာ သူငယ်ငယ်တုန်းက ခက်ခဲစွာ ကြီးပြင်းခဲ့ရတာတွေအကြောင်း ကိုပြောပြခဲ့ပါ​တယ်။

Ji Chang Wook ရဲ့ Netflix စီးရီးသစ် ‘The Sound of Magic’ ထွက်ရှိပြီးနောက် အင်တာဗျူးမှာ Ji Chang Wook က သူ့ရဲ့ ဇာတ်ကောင် Li-eul ကို မည်သို့သရုပ်ဆောင်ခဲ့ရကြောင်း မေးမြန်းခံခဲ့ရပါတယ်။

မင်းသားက

“သူ့ရဲ့ စိုးရိမ်မှုတွေနဲ့ ရုန်းကန်မှုတွေကြောင့် ကြီးမားတဲ့ဖိအားကိုခံစားရခဲ့တဲ့ Li eul ကို ကိုယ်ချင်းစာတယ်လို့ ထင်မိပါတယ်။

ကျွန်တော်လည်း အရင်တုန်းကငွေရေးကြေးရေး ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရတယ်… အတန်းပညာနဲ့ စာသင်ရတာအတွက် စိတ်ပူခဲ့ရတယ်” လို့ ပြန်ပြောခဲ့ပါတယ်။

“ကျွန်တော့်ဘဝမှာ ဖိစီးမှုတွေ အကြိမ်ပေါင်းများစွာ ရှိခဲ့တယ်၊ ဒါကြောင့် ‘Li-eul’ နဲ့ တကယ်ပဲ ဆက်စပ်နေနိုင်ခဲ့တယ်။”

ထို့နောက် Ji Chang Wook ဟာ ကလေးဘဝက တုန်းက ခက်ခဲကြမ်းတမ်းခဲ့ပုံကို ပြောပြခဲ့ပါတယ်။

Ji Chang Wook က

“တစ်နည်းအားဖြင့် ကျွန်တော်ဟာ သာမန်ကလေးဘဝပုံစံကို ဖြတ်သန်းခဲ့တယ်၊ ဒါပေမယ့် ဒါကလည်း ခက်ခဲတဲ့ပုံစံတစ်ခုပါပဲ” လို့ ဆိုပါတယ်။

သူပြန်ပြောပြတာကတော့

“ကျွန်တော့် ဖေဖေက ငယ်ငယ်ကတည်းက ဆုံးပါးသွားတယ်။ ကျွန်တော့် အမေက အဲဒီတုန်းက ဆုံးရှုံးသွားတဲ့ခံစားချက်ကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရတယ်။

အဲဒါကို ခံနိုင်ရည်ရှိဖို့က မလွယ်ပါဘူး။ ဒါကြောင့် ဘဝက ဘယ်လောက်ခက်ခဲတယ်ဆိုတာ သိလာတယ်။ ငယ်ငယ်ကတည်းက ဒီအသိကိုရှိခဲ့ပါတယ်”

“ကျွန်တော် ငယ်ငယ်တုန်းက စိတ်ဓာတ်ကျခဲ့တယ်လို့ ယုံကြည်ပါတယ်။ ဒါပေမယ့် အဲဒါကို အမေ့ရဲ့မေတ္တာနဲ့ ကျော်ဖြတ်နိုင်ခဲ့တယ်”လို့ ပြောပြခဲ့ပါတယ်။

Ji Chang Wook က 2008 ခုနှစ်တွင် ‘Sleeping Beauty’ ရုပ်ရှင်ဖြင့် ပွဲဦးထွက်ခဲ့ပြီး 2010 ခုနှစ်တွင် KBS ဇာတ်လမ်းတွဲ ‘Smile Again’ မှာ ‘Dong-hae’ အဖြစ် ပထမဆုံး ဇာတ်လိုက်နေရာမှ ပါဝင်ကာ လူအများရဲ့ အာရုံစိုက်မှုကို ရရှိခဲ့ပါ တယ်။

‘Bachelor’s Vegetable Store’ (2011), ‘Healer’ (2015)၊ ‘Backstreet Rookie’ (2020) တို့ဟာ သူ့ရဲ့ နာမည်ကြီး ပရောဂျက်များဖြစ်ပါတယ်။

error: Content is protected !!