ကွယ်လွန်သွားတဲ့သူငယ်ချင်းဖြစ်သူ မော့စ်ရဲ့ လွှမ်းမောဖွယ်ရာအဖြစ်အပျက်လေးတွေကို ပြောပြလာတဲ့ သရုပ်ဆောင်မိုးဒီ

ကွယ်လွန်သွားတဲ့သူငယ်ချင်းဖြစ်သူ မော့စ်ရဲ့ လွှမ်းမောဖွယ်ရာအဖြစ်အပျက်လေးတွေကို ပြောပြလာတဲ့ သရုပ်ဆောင်မိုးဒီ

ပရိတ်သတ်ကြီးရေ၊ အခုတစ်ခါမှာဆိုရင် သရုပ်ဆောင်မိုးဒီက ကွယ်လွန်သွားတဲ့သူငယ်ချင်းဖြစ်သူ မော့စ်ရဲ့ လွှမ်းမောဖွယ်ရာအဖြစ်အပျက်လေးတွေကို အခုလို ပြောပြလာခဲ့ပါတယ်နော်။

ဦးမိုးဒီနဲ့ဦးမော့်စ်ဟာ ကျွန်တော့်ငယ်ဘဝရဲ့ ပျော်ရွှင်မှု အစိတ်အပိုင်းတော်တော်များများကို စိုးမိုးခဲ့သူတွေပဲ၊ မိုးဒီ လို့ပြောရင် မော့စ်ပါတွဲမြင်ပြီး မော့စ်လို့ပြောရင် မိုးဒီကိုပါ တွဲသိနေတာမျိုး သူတို့ဟာအတွဲညီလှပေါ့ ၊

ကျွန်တော်တို့နိုင်ငံမှာ ဟာသစာပေထူးချွန်ဆု ၊ ဟာသအကယ်ဒမီဆု တို့ စသည်ဖြင့် ဟာသပညာရပ်အတွက် မရှိခဲ့တာလဲ ဝမ်းနည်းစရာ။

သူတို့ဟာသတွေဟာ အဆင့်အတန်းတစ်ခုရှိပြီး တကယ့်ကို အူလှိုက်သည်းလှိုက် ရယ်စရာကောင်းလှတယ်၊ ကဲ ထားပါတော့ ကျွန်တော်ရေးချင်တာက ဒီလို၊ ဦးမိုးဒီရဲ့အင်တာဗျူးတစ်ခုမှာ ကျွန်တော်ကြားဖူးတာ ၊

ဦးမော့်စ် ဇာတ်ပို့ဆုနဲ့ အကယ်ဒမီရတော့ လူတွေအပြေးအလွှားဖက်ကြနမ်းကြပေါ့၊ ဦးမိုးဒီ ကအားလုံးအပြီး နောက်ဆုံးကျမှ သွားပြီး “ငါဝမ်းသာတယ်ကွာ” လို့ပြောရင်း ဦးမော့စ်ကိုနမ်းလိုက်သတဲ့ ။

error: Content is protected !!