ဆိုင်ကယ်စီးလမ်းသွားနေရင်း ခန္ဓာကိုယ်တစ်ခြမ်းလုံး ဖြတ်တိုက်ခံခဲ့ရတယ်ဆိုတဲ့ ခင်ရတနာစိုး

ဆိုင်ကယ်စီးလမ်းသွားနေရင်း ခန္ဓာကိုယ်တစ်ခြမ်းလုံး ဖြတ်တိုက်ခံခဲ့ရတယ်ဆိုတဲ့ ခင်ရတနာစိုး

ခင်ရတနာစိုးကတော့ The Voice Myanmar Season ( 3) မှာ နီနီခင်ဇော်ရဲ့ Team Ni Ni ကနေ ပါဝင်ယှဉ်ပြိုင်ရင်း လူသိများခဲ့သူတစ်ယောက် ဖြစ်ပါတယ်။

ပြိုင်ပွဲမှာ Winner ဆုကြီးနဲ့ လွဲချော်ခဲ့ပေမယ့် ခင်ရတနာစိုးဟာ ပရိသတ်က အသိအမှတ်ပြု လက်ခံသူတစ်ယောက်အဖြစ် ဂီတလမ်းကြောင်းပေါ်ကို ရောက်ရှိနေပြီပဲဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ခင်ရတနာစိုးက သူမအနေနဲ့ အက်ဆီဒင့်တစ်ခုဖြစ်ခဲ့ကြောင်းကို အခုလိုပဲပြောပြလာခဲ့ပါတယ်။

ခင်ရတနာစိုးက “မွေးနေ့ရောက်ခါနီး ကံကောင်းချက်ပဲ။

ဆိုင်ကယ်ကို ကိုယ့်လမ်းကိုယ်မောင်းနေတာကို ဖြတ်တိုက်ခံရတယ်။

ကိုယ်တစ်ခြမ်းလုံးအတိုက်ခံရတာအရမ်းကြီးဘာမှမဖြစ်ပေမယ့် နာတာရှည်ခါးနာနေတာ ပိုဆိုးသွားတယ်။

အခုတဆစ်ဆစ်နဲ့ကိုက်နေတယ်။ ကံနိမ့်နေတယ်ကွယ်😢” ဆိုပြီး သူမရဲ့ အဖြစ်ကို ပြောပြလာပါတယ်။

error: Content is protected !!