သင့်အနေနဲ့စောင်​ကိုက်ပြီးကြည့်ရှုရမယ့်တောင်ကိုရီးယားရဲ့အရိုတလိုင်း ‘BL’ ဒရမ်မာများ

သင်ဟာ ပုံမှန် Romance တွေထဲကနေခွဲထွက်တဲ့အချစ်ဇာတ်လမ်းတွေကိုကြိုက်နှစ်သက်တဲ့သူလား? ဒါမှမဟုတ် LGBTQ ကိုထောက်ခံအားပေးသူတစ်ယောက်လား?

ဒါတွေဟာ ပုံမှန် K-drama တော့မဟုတ်ပါဘူး… ဒါပေမယ့် မင်းကို စွဲလန်းသွားစေမှာ အသေအချာပါပဲ…အရည်အသွေးမြင့်မားပြီး

ဇာတ်အိမ်ကောင်းမွန်တဲ့ ကိုရီးယား BL ဒရာမာအချို့ကိုစုစည်းတင်ဆက်ပေးလိုက်ရပါတယ်…. သင့်အတွက် ပြီးပြည့်စုံသော BL ဒရာမာကို ရှာဖွေရန်အတွက်ကိုတော့ ဆက်လက်ဖတ်ရှုကြည့်ပါဦးနော်…

Color Rush

မျက်စိကွယ်နေတဲ့ ကောင်လေး Yeon Woo (Yoo Jun) ဟာ မီးခိုးရောင် ကမ္ဘာကြီးကိုသာမြင်နေရသူပါ။ သူ့အနေနဲ့Yoo Han (Hur Hyun Jun) နဲ့တွေ့ခဲ့တဲ့နေ့အထိတိုင်အောင်ပေါ့။

Yoo Han အခန်းထဲ ဝင်လာတိုင်း Yeon Woo ဟာ သူတစ်ခါမှ မကြုံဖူးတဲ့ အရောင်တွေ ပေါက်ကွဲနေတာကို တွေ့လိုက်ရပါတယ်။

ဒါပေမယ့် Yeon Woo နဲ့ Yoo Han တို့ဟာ ဘာကိုဆိုလိုသလဲဆိုတာကို အဖြေရှာမရခင်မှာ Yeon Woo ရဲ့မိခင်ကို ရှာဖွေဖို့နောက်ထပ်ပြဿနာတစ်ခုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

သူမပျောက်ဆုံးမှုနဲ့ပတ်သက်ပြီး မရေမတွက်နိုင်တဲ့ဇာတ်လမ်းများစွာကို နက်နက်ရှိုင်းရှိုင်း တူးဖော်ကြည့်လိုက်ကြရင်း သူတို့နှစ်ဦးလုံးဟာ တစ်ယောက်ကိုတစ်ယောက် ခုခံနိုင်စွမ်းမရှိသော ရင်ခုန်ခြင်းရဲ့ခံစားချက်ကိုစတင်ခံစားခဲ့ရပါတော့တယ်။

Yeon Woo ရဲ့အမေကိုတွေ့ကြဦးမှာလား? “Color Rush” က နွေဦးရာသီမှာ ချစ်သူကို ရှာဖွေတွေ့ရှိတဲ့ ပုံမှန်အချစ်ဇာတ်လမ်းမျိုးမဟုတ်ပါဘူး….အချစ်ဇာတ်လမ်းနဲ့ စိတ်လှုပ်ရှားစရာပေါင်းစပ်ထားတဲ့ဇာတ်ကားကောင်းပဲဖြစ်ပါတယ်။

To My Star

နာမည်ကြီး Kang Seo Joon (Son Woo Hyun) ဟာ နောက်ထပ် အရှုပ်အရှင်းတစ်ခုနဲ့ ကြုံခဲ့ရပေမယ့် အခုတစ်ကြိမ်မှာတော့ဒါကို လွတ်ကင်းအောင် မလုပ်နိုင်တော့ပါဘူး။

မီဒီယာများကြောင့် စိတ်ပျက်နေတဲ့သူဟာတိုက်ခန်းထဲမှာပဲနေနေရပြီး ရင်သပ်ရှုမောဖွယ် ချောမောတဲ့ စားဖိုမှူး Han Ji Woo (Kim Kang Min) ကို သူ့ရဲ့မန်နေဂျာက ငှားထားပေးခဲ့ပါတယ်။

Seo Joon နဲ့ Ji Woo တို့ကြားကအချစ်ဇာတ်လမ်းလေးကိုတော့ပရိသတ်တို့ကပဲဆက်လက်ကြည့်ရှုလိုက်ပါဦးနော်။

Wish You : Your Melody From My Heart”

Kang In Soo (Kang In Soo) ရဲ့ ရှင်သန်မှုဆိုတာ တေးဂီတပါပဲ။ တကယ်တော့ In Soo ဟာ ဝါသနာသက်သက်နဲ့ ဖျော်ဖြေဖို့ဆုံးဖြတ်ခဲ့ပေမယ့် ဒါတွေဟာရပ်တန့်မသွားခဲ့ပါဘူး။

တစ်နေ့မှာတော့ YouTube ပေါ်မှာ Yoon Sang Yi (Lee Sang) က In Soo ရဲ့သီချင်းကိုနားထောင်မိပြီး ပါဝင်ဖ သူတို့နှစ်ယောက်ဟာ မကြာခင်မှာ အသူ့ဓာတ်ပြားကုမ္ပဏီရဲ့ပရောဂျက်မှာပါဝင်ဖို့အကြောင်းဖန်လာပါတော့တယ်။

နှစ်ယောက်လုံး အလုပ်အတူတူတွဲလုပ်ကြပြီးနောက်သူတို့ကြားထဲမှာ ခံစားချက်တွေ ပွင့်လန်းလာပါတော့တယ်။

ဒါပေမယ့် သိပ်မကြာခင်မှာပဲ သူတို့နှစ်ဦးဟာ ပုဂ္ဂိုလ်ရေးအရရော ပရော်ဖက်ရှင်နယ်အရရော မရေတွက်နိုင်တဲ့ ကွဲပြားမှုတွေအတွက်ပဋိပက္ခတွေကို ရင်ဆိုင်ခဲ့ရပါတော့တယ်။

Where Your Eyes Linger

Han Tae Joo (Han Gi Chan) နဲ့ Gang Gook (Jang Eui Soo) တို့ရဲ့ ဆက်ဆံရေးဟာအနည်းငယ်ထူးခြားပါတယ်။

တစ်ယောက်က ချမ်းသာပြီး သြဇာကြီးမားသော လုပ်ငန်းစုကြီးတစ်ခုရဲ့ အမွေဆက်ခံသူဖြစ်ပြီး၊ တစ်ယောက်ကတော့တရားဝင်မဟုတ်တဲ့ သက်တော်စောင့်ပါပဲ။ နှစ်ယောက်သား အတူကြီးပြင်းလာကာ ငယ်ဘဝအမှတ်တရများကို မျှဝေကြပြီး သူတို့ကြားမှာခင်မင်ရင်းနှီးမှုမှလွဲ၍ ဘာမျှမရှိကြပါဘူး။

ဟေမီ (Choi Kyu Ri) တစ်ယောက် မမျှော်လင့်ဘဲ သူတို့ရဲ့ ကျောင်းကိုပြောင်းရွှေ့လာမလာခင်အချိန်ထိအားလုံးဟာအခြေတကျပါပဲ။

တစ်နေ့တော့ သူမဟာ Date မှာ Gook ကို မေးလိုက်တဲ့အခါ Tae Joo ရဲ့ရင်ထဲမှာ ထူးဆန်းတဲ့ သူ ဒီမရင်းနှီးတဲ့ခံစားချက်ကို ပြုမူပြီး Tae Joo ကို ချစ်ကြောင်း ထုတ်ဖော်ရဲခံစားချက်တွေနဲ့သဝန်တိုတဲ့ခံစားချက်တွေကိုစတင်ခံစားခဲ့ရပါတော့တယ်။

သူ့အနေနဲ့ခံစားချက်တွေကိုဖွင့်ဟဖို သတ္တိရှိမှာလား။ ဒါမှမဟုတ် ငယ်သူငယ်ချင်းဆိုတဲ့နောက်ကွယ်မှာပဲခံစားချက်တွေကို ပုန်းခိုနေမှာလား။

ကျွန်တော်တို့အားလုံးမှာ ချစ်ကြိုက်ခဲ့ဖူးတဲ့ ငယ်သူငယ်ချင်းတစ်ယောက်တော့ ရှိကြပါလိမ့်မယ်။ ဇာတ်လမ်းရဲ့အဆုံးသတ်ကိုတော့သင်ကပဲဆက်လက်ကြည့်ရှုလိုက်ပါဦးနော်။

Mr. Heart

Sang Ha (Lee Se Jin) က အရာခပ်သိမ်း နိမ့်ပါးနေချိန်မှာတောင် သူ့ရဲ့ အပြုံးကို ဘယ်တော့မှ မဆုံးရှုံးတဲ့ အပြေးသမားပါ။

Jin Won (Cheon Seung Ho) က မာရသွန်ကစားသမားဖြစ်ပြီးပြိုင်ပွဲမှာ မည်သူကိုမျှ ဂရုမစိုက်တဲ့သူပါ။

ဒါကြောင့် Jin Won ရဲ့ နည်းပြက Sang Ha ကို သူ့ရဲ့pacemaker အသစ်ဖြစ်လာအောင် မိတ်ဆက်ပေးတဲ့အခါ Jin Won က လွယ်လွယ်နဲ့ လက်မခံခဲ့ပါဘူး။

Jin Won ရဲ့ခက်ခန်တဲ့ သဘောထားကြောင့် နှစ်ယောက်သား အစပထမမှာ မပြေလည်ကြသော်လည်း နောက်ပိုင်းမှာ ပိုမိုနက်ရှိုင်းပြီး စစ်မှန်သော ချိတ်ဆက်မှုတစ်ခုကို စတင်ခံစားခဲ့ရပါတော့တယ်။

သူတို့ရဲ့ တူညီတဲ့ စိတ်အားထက်သန်မှု၊ ပြေးလွှားမှုတွေကပဲ သူတို့ကို ပိုလို့ရင်းနှီးစေခဲ့ပါတယ်။

ဒါပေမယ့် တစ်ချိန်တည်းမှာပဲ သူတို့နှစ်ယောက် ဒီအချစ်ဇာတ်လမ်းကို ထပ်ပြီးတည်ဆောက်မယ်ဆိုရင် အောင်မြင်ဖို့ ခက်ခက်ခဲခဲကြိုးစားခဲ့ရတဲ့ နှစ်ယောက်စလုံးအနေနဲ့ ဆုံးရှုံးသွားမှာကိုလည်း စိုးရိမ်စိတ်တွေစတင်ကာဝင်ရောက်လာခဲ့ရပါတော့တယ်။

You Make Me Dance

Song Shi On (Chu Young Woo) က အသက် 22 နှစ်အရွယ် တက္ကသိုလ်ကျောင်းသားဖြစ်ပြီး ခေတ်ပြိုင်အကဖြင့် အဓိကသင်ကြားနေသူ Jin Hong Seok (Won Hyung Hoon) ကတော့ အသက် 28 နှစ်အရွယ်ဖြစ်ပါတယ်။

ငွေချေးလုပ်ငန်းတစ်ခုမှ အကြွေးစုဆောင်းသူ Shi On က Hong Seok နဲ့ အိမ်ငှားခသက်သာအောင် တိုက်ခန်းတစ်ခန်းကို မျှဝေဖို့ ကမ်းလှမ်းတဲ့အခါ သူတို့နှစ်ယောက်ကြား တွေ့ဆုံမှုစတင်ခဲ့ပါတော့တယ်။

နှစ်ဦးစလုံးမှာ တူညီတဲ့အရာတစ်ခုကတော့အကကို နှစ်သက်ကြသူတွေပါ။

Shi On ကသူ့ရဲ့ အသက်မွေးဝမ်းကြောင်း ရည်မှန်းချက်များကြောင့် အိမ်မှ ထုတ်ပယ်ခံခဲ့ရပြီး Hong Seok ကငွေအတွက် ငွေချေးသည့် ကုမ္ပဏီတွင်သာ လုပ်ကိုင်နေရသူပါ။

နှစ်ယောက်သားကြားမှာ ရင်းနှီးတဲ့ ဆက်ဆံရေးတွေ တိုးလာတာနဲ့အမျှ လူမှုဆက်ဆံရေး ဖိအားတွေနဲ့လည်း ရင်ဆိုင်ခဲ့ရပါတော့တယ်။

error: Content is protected !!