အဆိုတော် RAIN ဟာ သူ့ရဲ့ ဇနီး မင်းသမီး Kim Tae Hee နဲ့ Dating မလုပ်ခင်တုန်းက ( ငါးကြိမ်တိုင်တိုင်) ငြင်းခံခဲ့ရပါတယ်။
Netflix ရဲ့ ရှိုးအသစ် ‘The Hungry and the Hairy’ ရဲ့ နောက်ဆုံးအပိုင်းမှာ RAIN ဟာ Kim Tae-heeဆီက ငြင်းပယ်ခံခဲ့ရတဲ့ အချိန်များကို အမှတ်ရခဲ့ပါတယ်။
Kim Tae-hee ရဲ့ သူငယ်ချင်းကောင်း မင်းသမီး Lee Hanee နဲ့ စကားပြောနေစဉ်အတွင်းမှာ RAIN က
“ကျွန်တော် Tae-hee ကို ဒိတ်ကြဖို့ချိန်းဆိုခဲ့ပေမယ့် သူမရဲ့ အချစ်ကို မရသေးခင် ငါးကြိမ်လောက် ငြင်းပယ်ခံခဲ့ရပါတယ်”လို့ပြောကြားခဲ့ပါတယ်။
“အဲဒီအချိန်တွေတုန်းက သူမက ကျွန်တော့် အရမ်း နာကျင်စေလို့ နှလုံးသားကို ပတ်တီးနဲ့တောင်
ပတ်ထားရတယ်ဗျ” လို့ Rain ကဆိုပါတယ်။
Lee Hanee က “အဲဒါက တခြားမိန်းကလေးတိုင်းကို ဒီလိုပဲ လုပ်မယ်လို့ သူမထင်တဲ့အတွက်ကြောင့်ပါ” လို့ တုံ့ပြန်ခဲ့ပါတယ်။
RAIN က ခေါင်းငြိတ်ပြီး “ဟုတ်တယ်… မှန်တယ်… အကြောင်းတစ်ခုခုကြောင့် မိန်းကလေးတိုင်းကို ဒီလိုလုပ်တာလို့ ထင်ခဲ့တာ…
သူက ကျွန်တော့်ကို Play Boy တစ်ယောက်လို့ထင်ခဲ့တာ” ဆိုကာ မှတ်ချက်ပေးခဲ့ပါတယ်။
အဲ့နောက် RAIN ဟာ Kim Tae-hee ကို ဆွဲဆောင်နိုင်ပုံကို မျှဝေခဲ့ပါတယ်။
RAIN က “Tae-hee က ငါ့အကြောင်းနဲ့ပတ်သတ်ပြီး သူကြားဖူးတဲ့ အကြောင်းအရာတွေကို မေးတယ်…
ထားခဲ့ဖူးတဲ့ကောင်မလေးတွေရှိတယ်လေ…ကျွန်တော် သူ့အပေါ် လုံးဝ ရိုးသားဖို့ ဆုံးဖြတ်ခဲ့တာ…
ကျွန်တော် သူမကို အားလုံးကို ပြောပြခဲ့တယ်၊ အမှန်အတိုင်းပါပဲ….
ဘယ်အပိုင်းက အမှန်လဲ၊ ဘယ်အပိုင်းက မှားတယ်ဆိုတာ သူမကို ပြောပြခဲ့ပါတယ်…
ကျွန်တော့်ရဲ့ ရိုးသားမှုဟာ သူမရဲ့နှလုံးသားကို အနိုင်ယူသွားတယ်လို့ ကျွန်တော်ထင်ပါတယ်.. အဲဒီ့နောက်မှာတော့ သူမရဲ့ နှလုံးသားတံခါး ဖွင့်ဟလာခဲ့ပါတယ်”
RAIN နဲ့ Kim Tae-hee တို့ဟာ ကြော်ငြာရိုက်ကူးရေးတစ်ခုမှာ တွေ့ဆုံခဲ့ကြပြီး 2017 ခုနှစ် ဇန်နဝါရီလမှာ လက်ထပ်ခဲ့ကြပါတယ်။
သူတို့စုံတွဲမှာ သမီးနှစ်ယောက်ရှိပြီး 2017 ခုနှစ် အောက်တိုဘာလနဲ့2019 ခုနှစ် စက်တင်ဘာလမှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။