KPop သီချင်းတစ်ပုဒ်နဲ့သံစဉ်တူနေတာ ကြောင့် KPop ဖန်တွေရဲ့ဝေဖန်မှူ့ ကို တုန့်ပြန်လိုက် တဲ့ ယွန်းမြတ်သူ

KPop သီချင်းတစ်ပုဒ်နဲ့သံစဉ်တူနေတာ ကြောင့် KPop ဖန်တွေရဲ့ဝေဖန်မှူ့ ကို တုန့်ပြန်လိုက် တဲ့ ယွန်းမြတ်သူ

မင်္ဂလာပါပရိသတ်ကြီးရေ ယွန်း​မြတ်သူကတော့ “ အဆင်ပြေမနေပါဘူးသီချင်းနဲ့ ပရိသတ်ရှေ့ကိုစတင်မိတ်ဆက်လာပြီး နောက်ထပ်ထွက်ရှိတဲ့ ” နင်လမ်းတွေ့ခဲ့ရင် ” သီချင်းဟာဆိုရင်လည်း ပရိသတ်ပါးစပ်ဖျားမှာရေပန်းစားခဲ့တာပါ။

ဆက်တိုက်ထွက်ရှိတဲ့ သီချင်းတွေဟာဆိုရင်လည်း ပရိသတ်တွေပါးစပ်ဖျားမှာရေပန်းစားလျက်ရှိတာအမှန်ပါပဲ။

အောင်မြင်လာတာနဲ့အမျှ ချီးမွန်းမှုတွေ ဝေဖန်မှုတွေရရှိလာခဲ့တဲ့ ယွန်းမြတ်သူဟာဒီတစ်ခါမှာလည်း သူမရဲ့ အသစ်ထွက်ရှိမယ့် “ ချစ်ရင်စိတ်မကောက်ကြေး ” ဆိုတဲ့ သီချင်းဟာ တောင်ကိုရီးယားKPop အဖွဲ့ GOT7 ရဲ့သီချင်းနဲ့ သံစဉ်တူနေတယ်ဆိုပြီး ကေပေါ့အားပေးသူတွေရဲ့ ဝေဖန်မှုကိုရရှိခဲ့တာပဲဖြစ်ပါတယ်..။

ကေပေါ့ပါတစ်ယောက်က ယွန်းမြတ်သူရဲ့ပိုစ့်အောက်မှာ ” GOT7 ရဲ့ Just Right MV က Youtube မှာ408M Views ရှိတယ်နော်။

တောသူမို့ Korea Idol တွေကို မသိတာ နားလည်ပေးနိုင်ပါတယ်။ YMTကတော့ အနုပညာရှင်ဖြစ်ပြီး သူများသီချင်းကိုခိုးထားတာကိုတော့ လက်ခံလို့မရပါဘူး။

အဲ့သီချင်းထုတ်ရင်Korea က JYP Ent ကို Mail ပို့ပြီး Copyright နဲ့ တရားစွဲခိုင်းရပါလိမ့်မယ် ” ဟုဆိုပြီး ရေးသားခဲ့ပါတယ်..။

ထိုကောမန့်ကို ယွန်းမြတ်သူက သူမရဲ့ဖေ့စ်ဘုတ်အကောင့်မှာတင်ကာ “ ဂရုစိုက်ကြပါ စီနီယာဂျူနီယာအနုပညာရှင်တို့ရေ စိတ်မထင်ရင်မထင်သလို တရားစွဲခံရနိုင်တယ်ရှင့် 😂🤣 ချစ်ရင်စိတ်မကောက်ကြေးသီချင်းဟာဆိုရင်ဖြင့် ကိုရီးယားထိပေါက်တော့မှာမို့ ကျေနပ်တယ်တော်🤌🏻 ” ဟုဆိုပြီး တင်ခဲ့သလို ” တရားစွဲဆိုချင်တိုင်းဆိုရအောင် ကိုရီးယားက JYP entက လူတွေက သူတို့အမေလင်တွေလည်းမဟုတ်ဘူး 😂🤣 ”

“ သူများတွေလည်းတပုဒ်လုံး တီးလုံး flow တွေ copy ဆိုတာပါပဲ ငါ့ကြမှ flow လေးတနေရာဆင်သလို (သေချာနားထောင်လိုက်ရင်ဇွတ်ဆင်) ဖြစ်သွားတာကို ဘာတွေ ဘဝပျက်နေကြတာလဲဟင် 🤪 ” “ ဝွန်း မီဒီယာတွေက ဖော်ပြတော့မယ်

ကိုရီးယားJYP ent မှ Fans များသတင်းပို့မှုအရ တရားစွဲဆိုခံရတော့မယ် ယွန်းမြတ်သူဆိုပီး ဝါးးးးးဟားးးးဟားးးးး ဟားးးးး 🤣😂 ”ဆိုပြီးလည်း ကောမန့်တွေရေးသားခဲ့ပါတယ်နော်။

စာဖတ်ပရိတ်သတ်ကြီးလည်း သာယာချမ်းမြေ့ တဲ့နေ့တစ်နေ့ကိုပိုင်ဆိုင်နိုင်ဖို့ဆုတောင်းပေးပါတယ်နော်..။

error: Content is protected !!