အနီရောင်ဖက်ရှင်လေးနဲ့ အထာကျကျပို့စ်တွေပေးကာ အပြတ်လန်းနေတဲ့ မထက်
မထက်က အနုပညာလောကမှာကော မိတ်ကပ်လောကမှာပါ နာမည်ရပြီး အောင်မြင်မှုတွေများစွာရရှိလာသူလေးဖြစ်ပါတယ်။
မိန်းကလေးအစစ်တွေ အားကျရလောက်အောင် ဆွဲဆောင်မှုရှိရှိ ဖက်ရှင်အလန်းစားနဲ့ အမြဲဆန်းသစ်လှပနေသူလေးလည်းဖြစ်ပါတယ်။
သူမရဲ့ တည်တည်ငြိမ်ငြိမ် ဟန်ပန်လေးနဲ့ စကားပြောပုံလေးကလည်း ပရိသတ်တွေကို စွဲမက်စေခဲ့တာအမှန်ပဲဖြစ်ပါတယ်။
Makeup လောကမှာ အောင်မြင်မှုရရှိနေတဲ့ မိတ်ကပ်ပညာရှင်တစ်ယောက်ဖြစ်ပြီး သူမရဲ့လက်ရာဟာ အမျိုးသမီးတွေကြားမှာ အတော်လေးကို ရေပန်းစားလျက်ရှိပါတယ်။
ခွဲစိတ်မှုပြုလုပ်ပြီးနောက်ပိုင်း သူမကပိုမိုလှပ လာပြီး အသွင်အပြင်တစ်မျိုး နဲ့ အပြတ်ကိုလန်းနေတာပါ။
အဆီပိုမရှိပဲ လှပလွန်းတဲ့ Body တစ်ခုကို ပိုင်ဆိုင်ထားပြီး အပြုံးချိုချိုလေးတွေနဲ့ ချစ်စရာကောင်းတဲ့ မျက်နှာလေးကိုပါ ပိုင်ဆိုင်ထားနိုင်သူလေးလည်းဖြစ်ပါတယ်။
မထက်ကတော့ သူရဲ့ နေ့စဉ်လှုပ်ရှားမှု ပုံရိပ်လေးတွေနဲ့ ဟာသဗီဒီယိုလေးတွေကို သူရဲ့လူမှုကွန်ယက် ဖေ့ဘွတ်စာမျက်နှာပေါ်တွင်ဖော်ပြလေ့ရှိတာတွေ့ရပါတယ်။
လတ်တလောမှာလည်း အနီရောင် ဖက် ရှင်လေးနဲ့သူမရဲ့ အလှတရားတွေပေါ်လွင်နေပြီး ဆွဲဆောင်မှုရှိရှိလှရက်လွန်းနေတဲ့ အထာကျကျပုံလေးတွေကို သူမရဲ့ ဖေ့ဘွတ်အကောင့်မှာဖော်ပြထားတာတွေ့ရပါတယ်။
ပုံလေးထဲမှာ အခါခါပြန်ကြည့်ချင်ရလောက်အောင် အရမ်းလှနေတာကြောင့် ပရိသတ်ကြီးအတွက် မထက်ရဲ့ ပုံလေးတွေကို မျှဝေပေးလိုက်ပါတယ်။