K-drama နယ်ပယ်မှ နာမည်ကြီး မင်းသမီးတွေဖြစ်တဲ့ Song Hye Kyo၊ Jun Ji Hyun နဲ့ Son Ye Jin တို့ကိုအားလုံး သိကြမှာပါ။ ဒါပေမယ့် Hallyu Wave ဟာ ကမ္ဘာကို ဆက်လက် ဖြတ်သန်းနေပြီး နှစ်များကြာလာတာနဲ့အမျှ ဤအရာများကို ကျွန်တော်တို့တွေတစ်ဖြည်းဖြည်းနှင့် သေချာပေါက်မြင်နေရပြီ။
အထူးသဖြင့် ဆယ်စုနှစ်ရဲ့ မကြာသေးမီအလှည့်မှာ အလားအလာရှိသော လူသစ်သရုပ်ဆောင်အမျိုးသမီးများဟာ ချီးမြှောက်ခံရအောင်ကို တော်လွန်းကြပါတယ်။ သူတို့တွေကဘယ်သူတွေလဲဆိုတာကြည့်လိုက်ကြရအောင်နော်။
Han So Hee
Han So Hee က The World of the Married (2020)မှာ သူမရဲ့ အငြင်းပွားဖွယ်ရာ အခန်းကဏ္ဍမှ စတင်ကာ ယခုလက်ရှိမှာ ထိပ်တန်း အမျိုးသမီး အနုပညာအဆင့်ကို အမြန်လျှောက်လမ်းလာနေသူဖြစ်ပါတယ်။
အဆိုပါဒရမ်မာမှာထိပ်တန်းစာရင်းတွင်ပါဝင်ခြင်းမရှိသော်လည်း 2021 ခုနှစ်ရဲ့Nevertheless နဲ့My Name မှာပါဝင်ပြီးနောက် တစ်နှစ်အကြာမှာ ချက်ချင်းဆိုသလိုနာမည်ပိုပြီးကြီးလာခဲ့ပါတယ်။
ကမ်းလှမ်းမှုများဆက်လက်ရောက်ရှိလာတာနဲ့အမျှ Han so Hee ဟာ ကိုရီးယားနိုင်ငံရဲ့ ထိပ်တန်းအမျိုးသမီးအနုပညာရှင်များထဲမှ တစ်ဦးဖြစ်လာရန် လမ်းကြောင်းမှန်ပေါ်ရောက်နေပြီလို့ဆိုရမှာဖြစ်ပါတယ်။
Jung Ho Yeon
Jung Ho Yeon ဟာ Netflix ရဲ့ Squid Game မှာကမ္ဘာလုံးဆိုင် ကျော်ကြားမှုကိုရရှိခဲ့သူပါ။ အခုဆို Instagram မှာ Follow အများဆုံး ကိုရီးယားမင်းသမီးဖြစ်လာပါတယ်။
မင်းသမီးဟာသူမရဲ့ မိသားစုနဲ့ ပြန်ပေါင်းစည်းဖို့ စိတ်ပိုင်းဖြတ်ထားတဲ့ မြောက်ကိုရီးယားဘက်ပြောင်းလာသူ Kang Sae-byeok ဇာတ်ရုပ်ကို သရုပ်ဆောင်ခဲ့သူဖြစ်တာကြောင့် အင်တာနက်အသုံးပြုသူများရဲ့ အချစ်တော် ဖြစ်လာခဲ့ပါတယ်။
ဒရမ်မာအပြီးမှာ Ho Yeon ဟာ Louis Vuitton နှင့် Calvin Klein တို့ရဲ့ label လည်းဖြစ်ခဲ့ပါတယ်။
Lee Joo Young
Lee Joo Young က K-drama Itaewon Class (2020)မှာ Park Seo Joonရဲ့ အသစ်ဖွင့်ထားသော စားသောက်ဆိုင်မှ စားဖိုမှူး Ma Hyun-yi ရဲ့နေရာမှသရုပ်ဆောငိခဲ့သူပါ။
ထိုအချိန်က Netflix မှ တစ်ပြိုင်နက် ထုတ်လွှင့်နေတဲ့အဆိုပါရှိုးဟာနိုင်ငံတကာမှ ပရိသတ်အားပေးချီးကျူးမှုကိုရရှိခဲ့ပြီး Itaewon Class ပြီးနောက်၊ Joo Young ဟာအားကစားဒရာမာ Baseball Girl (2020) နဲ့ OCN မှုခင်းသည်းထိတ်ရင်ဖိုရုပ်ရှင် Times (2021) တွင် အဓိကအခန်းကဏ္ဍမှ ပါဝင်လာခဲ့ပါတယ်။
သူမဟာ 57 ကြိမ်မြောက် Baeksang Arts Awards မှာ အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ ကဏ္ဍအတွက် ဆုချီးမြှင့်ခံခဲ့ရပါတယ်။
Lee Ho Jung
Lee Ho Jungဟာ အင်တာနက်ပေါ်ရှိမိန်းကလေး
များရဲ့ Girl Crush ဖြစ်စေခဲ့သောYoon Sol အနေနဲ့လူတိုင်းရဲ့နှလုံးသားကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။
Nevertheless ဇာတ်လမ်းတွဲမှာ ဇာတ်ပို့ဇာတ်ရုပ်ဖြစ်သော်လည်း၊ GL နဲ့ဆက်စပ်နေသော သရုပ်ဖော်ပုံများဟာ ပရိသတ်ရင်ကိုမရိုးမရွဖြစ်စေခဲ့ပါတယ်။
Ho Jung ကလည်း Ho Yeon ကဲ့သို့ သူမရဲ့ IG followers များ အချိန်တိုအတွင်း အများကြီးရရှိခဲ့ပြီး နိုင်ငံတကာမှ fanbase များကိုဆွဲဆောင်နိုင်ခဲ့ပါတယ်။
သူမကို အနာဂတ်မှာ ထိပ်တန်းအမျိုးသမီးဇာတ်ဆောင်ဖြစ်လာဖို့ သေချာပေါက် မစောင့်နိုင်ပေမယ့် အဲဒီမတိုင်ခင်မှာတော့ မင်းသမီးရဲ့ ပရိသတ်တွေက The Jinx’s Lover ကို စောင့်မျှော်ကြည့်ရှုဖို့စိတ်လှုပ်ရှားနေကြပါပြီ။
Yoon Seo Ah
Yoon Seo Ah ကJTBC ဒရာမာ Nevertheless မှာ Seo Ji-wan အဖြစ်သရုပ်ဆောင်ခဲ့သူပါ။
.အဆိုပါဒရမ်မာ အပြီး အင်တာဗျုးတစ်ခုမှာ သူမက “ဇာတ်လမ်းတွဲတစ်ပိုင်းပြီးရဲ့ [ကျွန်မရဲ့ ဆိုရှယ်မီဒီယာ] မှာ followers အရေအတွက်က သိသိသာသာ တိုးလာပါတယ်။
အရမ်းမိုက်ပြီး အလုပ်ပိုလုပ်သင့်တယ်လို့ ကျွန်မထင်မြင်လာခဲ့ပါတယ်။ ကျွန်မရဲ့ follower အရေအတွက်က 2,000 မှ 400,000 ထိ ဖြစ်သွားပါတယ်။
လူတွေက ဒီလောက်ကြီးတဲ့ အရေအတွက်ဆိုတော့ ခေါင်းတောင်မလည်နိုင်တော့ပါဘူး” လို့ပြောခဲ့ပါတယ်။ Ho Jung ကဲ့သို့ပင်၊ Seo Ah ဟာ နောက်ပိုင်းတွင် အခြားသော ပရောဂျက်တစ်ခုကို လုပ်ဆောင်နိုင်နေပြီဖြစ်ပါတယ်။
သူမဟာ Kang Han Na ရဲ့ Red Single Heart မှာ ပါဝင်ရန် အတည်ပြုထားကြောင်း သိရပါတယ်။