‘Extraordinary Attorney Woo’ဟာ Audition မဖြေခဲ့ရတဲ့သူမရဲ့ပထမဆုံးဒရမ်မာဖြစ်ကြောင်းပြောပြလာတဲ့ မင်းသမီးချော Ha Yoon Kyung

သြဂုတ်လ 25 ရက်နေ့တုန်းက မင်းသမီး Ha Yoon Kyung ရဲ့ မကြာသေးမီက သတင်းစာရှင်းလင်းပွဲကို အွန်လိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါအင်တာဗျူးမှာ Ha Yoon-kyung က သူမရဲ့ မကြာသေးမီက ပြီးဆုံးခဲ့တဲ့ ‘Extraordinary Attorney Woo’ ဆိုတဲ့ ဒရာမာအကြောင်းကို ပြောပြခဲ့ပါတယ်။

‘Extraordinary Attorney Woo’ မှာ Ha Yoon-kyung က နွေးထွေးပြီး ကြင်နာတတ်တဲ့ ရှေ့နေ ‘Choi Soo-yeon’ အဖြစ် ပါဝင်ခဲ့ပြီး အော်တစ်ဇင် ရှေ့နေ ‘Woo Young – woo’ (မင်းသမီး Park Eun Bin ) နဲ့အတူဟန်ဘာဒါဥပဒေရုံးမှာ အလုပ်လုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။

ဒရာမာမှာ သူမရဲ့ အသွင်အပြင်နဲ့ ပတ်သတ်ပြီး Ha Yoon kyung က

“ဒါက ကျွန်မကို အများကြီး ကြိုးစားဖို့အခွင့်
အလမ်းတွေ ပေးခဲ့တဲ့ ကာရိုက်တာတစ်ခုပါ…ကျွန်မက အလွန်ရှုပ်ထွေးတဲ့ ခံစားချက်တွေရှိတဲ့သူမလို့ သူမလို ဇာတ်ကောင်တစ်ယောက်နဲ့တွေ့ဆုံနိုင်ဖို့ဆိုတာကတော့ မလွယ်ကပါဘူး…

ထူးထူးခြားခြား ရှေ့နေဝူ’ နဲ့ ‘Choi Soo-yeon’ တို့ကို တွေ့ဆုံခွင့်ရတဲ့အတွက် တကယ်ကို ကျေးဇူးတင်မိပါတယ်” လို့ပြောကြားခဲ့ပါတယ်။

ထို့နောက် Ha Yoon – kyung က တကယ်တော့ သူမဟာ အခု character အတွက် audition မလုပ်ခဲ့ရကြောင်းကိုလည်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

မင်းသမီးက

“တကယ်တော့ ဒါက ကျွန်မရဲ့ စိတ်ကူးယဉ် အိပ်မက် ဖြစ်နေတာ ကြာပါပြီ….audition မလုပ်ဘဲ ပရောဂျက် တစ်ခုမှာပါဝင်ရဖို့ဆိုတာသိပ်ခက်တယ်လေ…

ဒါကြောင့် audition လုပ်ဖို့မလိုရတဲ့ Role ကိုရဖို့ရာအမြဲ တမ်း ဆန္ဒ ရှိခဲ့တာပါ…. ဒီ project နဲ့ ပက်သက်ပြီး အိပ်မက် တွေ အကောင်အထည် ဖော် ခဲ့ပါတယ်”

“ကျွန်မရဲ့ တခြားပရောဂျက်တွေကိုလည်း ထုတ်လုပ်ရေးအဖွဲ့က သဘောကျတယ်လို့ဆိုပါတယ်…ကျွန်မအိမ်မက်က ဒီတစ်ခါ တကယ်ဖြစ်လာတာဆိုတော့ အရမ်းပျော်တယ်” လို့လည်းထပ်မံ​ပြောကြားခဲ့ပါတယ်။

Ha Yoon – kyung ဟာ ‘The Ballad for Roxanne’ ပြဇာတ်ဖြင့် သူမရဲ့ပထမဆုံးပွဲဦးထွက်ကို ပြုလုပ်ခဲ့ပါတယ်။

2015 ခုနှစ်မှာတော့ သူမဟာ ‘Doctor Life’ , ‘ She Will Never Know ‘ , ‘O’PENing ‘ နှင့် အခြားဇာတ်ကားများမှာ ပါဝင်ခဲ့ပါတယ်။

error: Content is protected !!