မိဘတွေ ကို အိမ်ပိုင်လေး နဲ့ ထားချင်တယ်ဆို တဲ့ သရုပ်ဆောင် မင်းမင်း ရဲ့ သမီးလေး

မိဘတွေ ကို အိမ်ပိုင်လေး နဲ့ ထားချင်တယ်ဆို တဲ့ သရုပ်ဆောင် မင်းမင်း ရဲ့ သမီးလေး

အထိုးအကြိတ်ပိုင်နိုင်လွန်းပြီး ဖိုက်တင်အက်ရှင် ဇာတ်ကားတွေထဲမှာ အမြဲတမ်းလိုလို တွေ့ရတတ်တဲ့ လူကြမ်းသရုပ်ဆောင်မင်းမင်း ကိုတော့ အားလုံးပဲမှတ်မိကြမယ်ထင်ပါတယ်။

မင်းမင်း မှာ သမီး(၃)ယောက်နဲ့ သားတစ်ယောက် စုစုပေါင်း သားသမီး လေးယောက်ရှိပါတယ်။

၁၈ နှစ်အရွယ် သမီးအလတ်လေးဖြစ်တဲ့ ဇင်စန္ဒာထွန်းက ဖခင်ရဲ့ အနုပညာအမွေကိုဆက်ခံရန် အနုပညာလမ်းကြောင်းကို လျှောက်လှမ်းနိုင်ဖို့အတွက် ပြင်ဆင်နေပြီလို့ သိရပါတယ်။

မင်းမင်း ဟာ မပြည့်စုံပေမယ့်လည်း သမီးလေးရဲ့ အနုပညာ လမ်းကြောင်းကို အပြည့်အဝ ထောက်ပံ့ပေးနိုင်ဖို့ ကြိုးစားနေပါတယ်တဲ့နော်။လူကြမ်းသရုပ်ဆောင် မင်းမင်း ရဲ့ သမီးချောလေး နာမည်က တော့ ဇင်စန္ဒာထွန်းပဲ ဖြစ်ပါတယ်။

သူမကတော့ ကိုယ်တိုင်ဝါသနာပါပြီးဖခင်ဖြစ်သူကလဲ ထောက်ပံ့ပေးတဲ့ အနုပညာလမ်းကို စတင်လျှောက်လှမ်းနေပါပြီ။

အနုပညာလောကမှ မင်းသားတစ်ဦးဖြစ်တဲ့ သရုပ်ဆောင် ထိုက်စံ ကလဲ လက်တွဲခေါ်ပေးပြီး ဖခင်ကလဲ အနုပညာနဲ့ပတ်သက်လို့ သင်ပေးပါတယ်တဲ့၊ဒါအပြင် ဖခင်နဲ့အတူ ဖိုက်တင်တွေ လေ့ကျင့်ဖြစ်ပါသေးတယ်။

ဇင်စန္ဒာထွန်း ဟာလာမဲ့ ကိုးလပိုင်းမှာ အသက် ၁၉ နှစ်ပြည့်မှာဖြစ်ပြီးပညာရေးအနေနဲ့ကတော့ လက်ရှိမှာ ဘာမှမလုပ်ဖြစ်သေးပါဘူး။

သူမဟာ သရုပ်ဆောင်ရွေးချယ်ပွဲတစ်ခုမှာ ပါဝင်ယျဥ်ပြိုင်ထားပြီးနောက် စကာတင် ၆ ယောက်စာရင်းထဲမှာ အရွေးချယ်ခံထားရတာပဲ ဖြစ်တာကြောင့် ဖခင်ဖြစ်စေချင်သလို အနုပညာလောကကို ခြေချခွင့်ရတော့မှာဖြစ်လို့ ဝမ်းသာမိပါတယ်တဲ့။

ဒါအပြင် သူမဟာ ဖခင်ဖြစ်သူရဲ့အိမ်ထောင်ဦးစီးတာဝန်တွေကို ပခုံးပြောင်း၍ တာဝန်ယူချင်တာဖြစ်ပြီး လုပ်ကျွေးချင်တဲ့ သမီးအလိမ္မာလေးတစ်ဦးပါ။

လူကြမ်းသရုပ်ဆောင်ကြီး ရဲ့ သမီးဖြစ်သူ ဇင်စန္ဒာထွန်း ဟာ မင်းသမီး ခိုင်နှင်းဝေ ကို သဘောကျသူတစ်ဦးဖြစ်ပြီး ပရဟိလုပ်ရတာကိုလဲနှစ်သက်ပါတယ်တဲ့။

သူမရုပ်ရှင်လောကမှာ အောင်မြင်လာပြီး အနုပညာကြေးတွေရရှိလာတဲ့အခါ စွန့်ပစ်ခံကလေးတွေကိုစောက်‌ရှောက်ပြီး ပြုစုပျိုးထောင်ဖို့ ဆန္ဒရှိပါတယ်၊ဒါအပြင် စွန့်ပစ်ခံခွေးလေးးတွေအတွက် ခွေးဂေဟာဖွင့်ပေးချင်ပါတယ်တဲ့။

ပရိသတ်တွေကို ပြောချင်တာကတော့ သူမဖခင်ကို အားပေးသလိုပဲ သူမကို အားပေးကြပါအုန်း၊ချစ်ပေးကြပါလို့ ပြောသွားခဲ့ပါတယ်။

error: Content is protected !!