မင်းသား Hyun Bin ဟာ မကြာခင်မှာ ဖခင်တစ်ယောက်ဖြစ်လာတော့မယ့်အတွက် အရမ်းပျော်တယ်လို့ ဝေမျှခဲ့ပါတယ်။
Hyun Bin ဟာ စက်တင်ဘာလ ၁ ရက်နေ့မှာ စာနယ်ဇင်းများရဲ့ အင်တာဗျူးမေးခွန်းများကိုဖြေဆိုခဲ့ပါတယ်။
အင်တာဗျူးမှာ Hyun Bin က သူ့ရဲ့ဇနီးဖြစ်သူ မင်းသမီး Son Ye-jin ကိုယ်ဝန်နဲ့ ပတ်သက်ပြီး ဘယ်လိုခံစားရလဲ ဆိုတာကို မေးမြန်းခံခဲ့ရပါတယ်။
Hyun Bin က
“ရိုးရိုးသားသားပြောရရင် ယုံရခက်နေသေးတယ်….ကျွန်တော် ပတ်ဝန်းကျင်ကို မေးကြည့်လိုက်တဲ့အခါမှာလည်း ကလေးမမွေးခင်မှာ ဒီလိုမျိုးဖြစ်တတ်တာကပုံမှန်ပဲလို့ပြောကြတယ်…
ဒါပေမယ့် ကျွန်တော်ကတော့ ကလေးကိုမြင်ပြီးမှပဲယုံတော့မယ်လေ….ကလေးရလာရင်တော့ ဒါတွေအားလုံးကအရင်ကအတိုင်းပဲ အတူတူဖြစ်လာလိမ့်မယ်လို့ထင်ပါတယ်”
“အဲဒါက ကြီးကျယ်ခမ်းနားတဲ့ ကောင်းချီးတစ်ခုပဲမို့လို့တကယ်ကို ဝမ်းသာပါတယ်…ကျွန်တော့် ကလေးနဲ့တွေ့တဲ့ အထိလည်းမစောင့်နိုင်တော့ပါဘူး” လို့ မင်းသားကဖြေကြားပေးခဲ့ပါတယ်။
သတင်းထောက်တစ်ယောက်က လက်ထပ်ပြီးတဲ့ဘဝက အပြောင်းအလဲရှိမရှိ မေးတဲ့အခါမှာတော့
Hyun Bin က
“မဟုတ်ဘူး …မဟုတ်ဘူး… ငါ့ဘဝ က သိပ်ပြီး ကွာခြားပုံ မပေါ်ဘူး…ဒါပေမယ့် ငါတို့ အိမ်ထောင်သည်ဘဝမှာတော့ အပြောင်းအလဲ တွေ ရှိလာမှာသေချာတယ်…
ပရိတ်သတ်တွေ က ကျွန်တော့်ကို အမြင် မတူကြဘူးလားမသိဘူးလို့ တွေးမိတယ်”
သူက ဆက်လက်ပြီး
“Ye-jin နဲ့ လက်ထပ်ပြီးတဲ့ နောက်မှာ ကျွန်တော်က ကျွန်တော့်ဇနီးအတိုင်းပဲ ပုံပန်းသဏ္ဍာန်တွေကစပြီးတော့တောင် တူလာတယ်လို့ တော်တော်များများက ပြောနေကြတာကိုကြားသိရပါတယ်….
သူတို့ပြောတာကိုလည်း ကျွန်တော်သဘောတူပါတယ်…. ကျွန်တော်တို့လင်မယားနှစ်ယောက်က
တစ်ယောက်နဲ့ တစ်ယောက် ထပ်တူဂရုစိုက်ကြတာကတော့ သေချာပါတယ်”
အဲ့ဒီနောက်မှာတော့ Hyun Bin က Son Ye-jin ဟာ သူ့ရဲ့ လာမယ့်ရုပ်ရှင် ‘Confidential Assignment 2 : International’ ကို support ပေးနေကြောင်းကိုလည်း ပြောကြားခဲ့ပါတယ်။
2021 ခုနှစ် ဇန်နဝါရီလတုန်းက Dispatch သတင်းဌာနက Hyun Bin နဲ့ Son Ye-jin တို့ဟာ တွဲနေတာ ရှစ်လရှိပြီဖြစ်တယ်လို့ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
အစီရင်ခံစာထွက်ပြီး မကြာခင်မှာပဲ နှစ်ဖက်စလုံးက သမီးရည်းစား ဆက်ဆံရေးရှိနေကြောင်း အတည်ပြုခဲ့ပါတယ်။
Hyun Bin နဲ့ Son Ye-jin တို့ဟာ ‘Crash Landing on You’ ဒရမ်မာမှာ စတင်တွဲနေခဲ့ကြီး ယခုနှစ် မတ်လမှာ လက်ထပ်ခဲ့ကြတာပါ။
သူတို့နှစ်ဦးလုံးဟာ သားဦးကို မျှော်လင့်ထားကြောင်း ဇွန်လတုန်းကထုတ်ဖော်ပြောကြားခဲ့ပါတယ်။