မွန်ဓလေ့ရိုးရာ ဆွမ်းလောင်းပွဲက အမှတ်တရ ပုံလေးတွေကို ဝေမျှလာတဲ့ စိန်ဖြိုးလှိုင်နဲ့ရီရီပွင့်ဖြူ

မွန်ဓလေ့ရိုးရာ ဆွမ်းလောင်းပွဲက အမှတ်တရ ပုံလေးတွေကို ဝေမျှလာတဲ့ စိန်ဖြိုးလှိုင်နဲ့ရီရီပွင့်ဖြူ

မောင်နဲ့ ရီရီပွင့်ဖြူတို့ ချစ်သူနှစ်ဦးက တစ်ယောက်နဲ့တစ်ယောက် နှစ်တွေအကြာကြီး သစ္စာရှိရှိလက်တွဲနေကြတဲ့ ချစ်စရာကောင်းတဲ့ စုံတွဲလေးပဲ ဖြစ်ပါတယ်။

သူတို့နှစ်ယောက်က အနုပညာလှုပ်ရှားမှုတွေ မရှိတော့ဘဲ စီးပွားရေးလုပ်ငန်းတွေကိုသာ ကြိုးကြိုးစားစား လုပ်ကိုင်နေကြတာလည်း ဖြစ်ပါတယ်။

ပရိသတ်တွေကလည်း သူတို့အတွဲလေးရဲ့ ဖြတ်သန်းနေထိုင်တဲ့ ပုံစံလေးကို အားကျနေကြတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် မောင်တို့အတွဲလေးက ပရိသတ်တွေ ဗဟုသုတရစေရန် Vlog လေးတွေ ရိုက်ကူးပြီးလည်း သူတို့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဝေမျှပေးတတ်ပါတယ်။

အခုလည်း မွန်ဓလေ့ရိုးရာ ဆွမ်းလောင်းပွဲက အမှတ်တရ ပုံလေးတွေနဲ့အတူ ” Proud to be Mon 🥰 ချစ်စရာမွန်ဓလေ့ ဆွမ်းလောင်းပွဲ🙏🙏🙏 ထိုင်းနိုင်ငံ စန်ခလဘူရီမြို့ မှာရှိတဲ့ မွန်လူမျိုးတွေနေထိုင်တဲ့ မွန်ရွာ နဲ့ မွန်တံတား…မွန်လူမျိုးများက ဝင်ကရွာ /ဝင်ကတံတားလို့လည်းခေါ်ပါတယ်… ထိုင်းနိုင်ငံသားတွေရော တခြားနိုင်ငံသား ဘယ်နိုင်ငံကလာလာ …ဒီနေရာရောက်ရင် အားလုံးကမွန်လိုပဲ ဝတ်ဆင်ကြပါတယ်…

မနက်တိုင်းရှိတဲ့ ဒီဆွမ်းလောင်းပွဲကိုကြုံရဖို့ နိုင်ငံတကာကဧည့်သည်တွေတကူးတကကိုလာကြတဲ့နေရာလေးပါ…ယဉ်ကျေးမှု့ကို ထိန်းသိမ်းထားနိုင်ပြီး တခြားနိုင်ငံသားတွေကိုပါဆွဲဆောင်နိုင်တာ တကယ်ဂုဏ်ယူစရာကောင်းလွန်းပါတယ်….🥰🥰🥰 မွန်တံတားကို ဘန်ကောက်ကနေကားစီးသွားရင်၆နာရီကြာဝေးပါတယ်…မြန်မာပြည်နဲ့ဆိုဘုရားသုံးဆူမြို့နဲ့ နီးပါတယ် အရင်ကတော့ တံတားဖြတ်ဖို့ မှတ်ပုံတင်ပေး လက်မှတ်ဖြတ်ပြီး နေ့ချင်းပြန်ကူးလို့ရပေမယ့် အခုချိန်ရမရတော့ သေချာမသိပါ…သိတဲ့သူများရှိရင်လည်း Comment မှာပြောပြပေးပါနော်)” ရေးသားထားရာ ပြန်လည် ဖော်ပြပေးလိုက်ပါတယ် ။

error: Content is protected !!