တစ်ချိန်တုန်းကကောင်မလေးတွေဆီကနေရက်ရက် စက်စက်ငြင်းဆိုတာကိုခံခဲ့ရဖူးတဲ့ အပြုံးမင်းသားလေး Kan Tae Oh

စက်တင်ဘာလ 1 ရက်နေ့တုန်းက မင်းသားချော Kang Tae Oh ရဲ့ ဗီဒီယိုဖိုင်ကို ဖက်ရှင်မဂ္ဂဇင်းတစ်ခုက သူတို့ရဲ့ YouTube မှာ တင်ခဲ့ပါတယ်။

ဗီဒီယိုထဲမှာဆိုရင် Kang Tae – oh ဟာ စာအိတ်ဗူးထဲက သူ့ကိုပြောပြထားတဲ့စာတွေကိုဖတ်ခဲ့ပြီး အကြံပြုချက်တွေပေးခဲ့ပါတယ်။

ပထမဆုံးစာမှာဆိုရင် စာပို့သူ

“ကျွန်မရဲ့ပထမဆုံး အချစ်ရေးက ပြီးဆုံးသွားပါပြီ…ဒီလိုနာကျင်မှုတွေထဲကနေဘယ်လိုရုန်းထွက်ရမလဲ” ဆိုပြီးမေးမြန်းခဲ့ပါတယ်။

အဲ့နောက် Kang Tae-oh က

“ဒါဆို မင်းအခုအရမ်းဝမ်းနည်းနေရမှာပဲ…ကျွန်တော့် အတွေ့အကြုံအရဆို သီချင်းနားထောင်မိတာပဲဖြစ်ဖြစ်၊ ကျန်တာလုပ်နေတာပဲဖြစ်ဖြစ် ဝမ်းနည်းခဲ့ရတာပါပဲဗျ…

ကျွန်တော့် အဖြေကမင်းကို ဘယ်လိုနည်းလမ်းနဲ့ ကူညီပေးနိုင်မလဲဆိုတာကိုတော့ မသေချာပါဘူး…

ဒါပေမယ့် ဒီလိုလမ်းခွဲမှုမျိုးဆိုတာက အရွယ်ရောက်လာတာနဲ့အမျှ ဘဝရဲ့အစိတ်အပိုင်း တစ်ခုပဲမလား…

ကျွန်တော်ကိုယ်တိုင်လည်း နေ့တိုင်း နာကျင် မှု တွေ နဲ့ ရင်ဆိုင် ခဲ့ရ တယ် …

ဝေဒနာတွေကတော့ ပျောက်သွားပါပြီ..
ဒါပေမယ့် ဒါက ကောင်းတဲ့အကြံတော့မဟုတ်ပါဘူး”

သူက ခဏလောက်စဉ်းစားပြီးမှ

“မင်းကိုယ်မင်း မအားမလပ်အောင် ဘယ်လိုလုပ်မလဲဆိုတာကိုအရင်စဥ်းစားကြည့်ပါ…မင်းရဲ့ နေ့ စဉ် က ဘယ်လို ဖြစ် ခဲ့ လဲ မသိ တဲ့ အထိ

အလုပ် ရှုပ် နေ တာ နဲ့ အမျှ လမ်းခွဲ တာ တွေ အားလုံးကို မေ့သွား လိမ့်မယ်….မင်းအဖို့အကောင်းဆုံး ကို ငါ တကယ်ပဲ မျှော်လင့်ထားပါတယ်” လို့ဖြေကြားခဲ့ပါတယ်။

နောက်ထပ် မေးခွန်းကတော့

“တစ်စုံတစ်ယောက်က ကျွန်တော့်အပေါ်မှာ ခံစားချက်တွေရှိတယ်… ဒါပေမယ့် ကျွန်တော့်ဘက်က သူ့အပေါ်မှာ ခံစားချက်ရှိမနေတာကြောင့်

ရည်ရွယ်ချက်ရှိရှိနဲ့ အဆက်ဖြတ်တာလို့သူ့ဘက်က သတိမထားမိအောင် ကျွန်တော်သူ့ကိုဘယ်လိုဖြတ်ရမလဲ” လို့မေးမြန်းခဲ့ပါတယ်။

Kang Tae – oh ရယ်ပြီး

“Ah… မင်းသူကို ရည်ရွယ်ချက်ရှိရှိ ငြင်းဆိုနေတယ်ဆိုတာ သူမသိဘူးလို့ ထင်ကောင်းထင်နိုင်ပေမယ့် သူအတွက်ကတော့ မင်းနဲ့ဝေးသွားတာက ပုံမှန်အခြေအနေမျိုးဆိုပြီး ခံစားမိမှာ မဟုတ်ဘူး”

သူကဆက်လက်ပြီး

“ကျွန်တော့်မှာ ကိုယ်တွေ့ အတွေ့အကြုံရှိဖူးပါတယ်…ကျွန်တော်လည်း အရင်တုန်းက မိန်းကလေးတွေဘက်က​နေ သွယ်ဝိုက်ပြီး ငြင်းတာ ခံရဖူးတယ်’

“မကြိုက်ရင်မကြိုက်ဘူး ရိုးရိုးသားသား ပြောပါ… ဒီလိုမှမဟုတ်ရင် သူ့ဘက်ကိုလည်းထည့်စဥ်းစားပြီး မင်းသူ့ကို ကြိုးတစ်ချောင်းနဲ့ ချည်ထားလို့ရပါတယ်”

အဲ့နောက် မင်းသားက စိတ်ပူနေတဲ့အကြည့်နဲ့အတူ ရယ်မောရင်း

“ဒါပေမယ့် မင်းဘက်ကငြင်းတဲ့စကားတွေပြောတဲ့အခါ အရမ်းစိတ်ညစ်မနေပါနဲ့…

သူ့အပေါ်မှာတကယ်ခံစားရတဲ့ ခံစားချက်ကိုသေချာလေးထုတ်​ပြောပေးပါ… ရက်ရက်စက်စက်ကြီးတော့မပြောနဲ့နော်” ဆိုပြီး ပြန်လည်ဖြေကြားပေးခဲ့ပါတယ်။

error: Content is protected !!