ခိုင်နှင်းဝေ ရင်ခွင်ရိပ်မြုံဂေဟာကို အလှူငွေများ သွားရောက်လှူဒါန်းခဲ့တဲ့ အမှတ်တရ ပုံလေးတွေ ဝေမျှလာတဲ့ နှိုင်းယှဉ်မြင့်မိုရ်

ခိုင်နှင်းဝေ ရင်ခွင်ရိပ်မြုံဂေဟာကို အလှူငွေများ သွားရောက်လှူဒါန်းခဲ့တဲ့ အမှတ်တရ ပုံလေးတွေ ဝေမျှလာတဲ့ နှိုင်းယှဉ်မြင့်မိုရ်

ကျရာဇာတ်ရုပ်တိုင်းကို ပီပီပြင်ပြင် သရုပ်ဆောင်မှုတွေအပြင် ပွင့်ပွင့်လင်းလင်းနဲ့ စကားပြောဟန်ပန်လေးတွေကြောင့် ပရိသတ်တွေရဲ့ အချစ်ကိုပိုင်ဆိုင်ထားသူကတော့ နှိုင်းယှဉ်မြင့်မိုရ်ပဲဖြစ်ပါတယ် ။

စည်းစည်းလုံးလုံးနဲ့ ပျော်ပျော်နေတတ်တဲ့ မိသားစုပုံရိပ်လေးတွေကလည်း ပရိသတ်တွေကို သဘောကျစေခဲ့တာပဲ ဖြစ်ပါတယ်နော်။

ခုလို ကာလလေးမှာတော့ အနုပညာအလုပ်တွေ နားထားပေမယ့်လည်း အွန်လိုင်းကနေ Live Sales ရောင်းချပေးလေ့ရှိရာ ဝယ်ယူအားပေးသူတွေ များခဲ့တာလည်းဖြစ်ပါတယ် ။

ဒါ့အပြင် အလှူအတန်းတွေဆိုရင်လည်း တတ်နိုင်သလောက် ပါဝင်ကူညီလှူဒါန်းလေ့ရှိတာလည်းတွေ့ရပါတယ် ။

အခုလည်း ခိုင်နှင်းဝေ ရင်ခွင်ရိပ်မြုံဂေဟာကို အလှူငွေ (၁၀) သိန်း သွားရောက်လှူဒါန်းဖြစ်ခဲ့ကြောင်း ဝေမျှလာပါတယ် ။

အလှူပုံတွေနဲ့အတူ ” အလုပ်တွေပိုလုပ်မယ် အဲ့လို နေရာလေးတွေကို ပိုလှုမယ်😭 ” ရေးသားဖော်ပြထားရာ သာဓု သုံးကြိမ် ခေါ်ဆိုရင်း ပြန်လည် ဝေမျှပေးလိုက်ပါတယ် ။

error: Content is protected !!