ကောလဟာလသတင်းတွေကြောင့်စိတ်ဖိစီးမှုများနေပုံပေါက်နေတဲ့ Blackpink အဖွဲ့ဝင် Jennie Kim

K-pop မိန်းကလေးအဖွဲ့ BLACKPINK မှ JENNIE ဟာ ကိုရီးယားသို့ရောက်ရှိချိန် လေဆိပ်အတွင်းမှာပဲ သူမရဲ့မျက်နှာဟာ အနည်းငယ်စိတ်မကောင်းဖြစ်နေပုံပေါက်ပါတယ်။

ဩဂုတ်လ ၃၁ ရက်နေ့ နံနက်အစောပိုင်းမှာ JENNIE က အမေရိကန်ပြည်ထောင်စု၊ နယူးဂျာစီမှပြန်ရောက်လာပြီး အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာခဲ့ပါတယ်။

BLACKPINK ဟာ New Jersey မှာ ပြုလုပ်ခဲ့တဲ့ 2022 MTV Video Music Awards ဆုပေးပွဲအခမ်းအနားကို တက်ရောက်ခဲ့ပြီး သူမတို့ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ သီချင်းဖြစ်တဲ့ ‘Pink Venom’ ကို ပရိသတ်တွေအတွက် ဖျော်ဖြေတင်ဆက်ခဲ့ပါတယ်။

JENNIE ရောက်ရှိလာချိန်မှာတော့ သူမဟာ သူမကို ကြည့်ရှုဖို့ ရောက်လာတဲ့ ဓာတ်ပုံဆရာတွေနဲ့ YouTubers တွေကိုပရိသတ်တွေကို လက်ပြနှုတ်ဆက်ခဲ့ပါတယ်။

လေဆိပ်ထွက်ပေါက်ကို ရောက်လာချိန်မှာတော့ Jennie ဟာ လူအုပ်ကြီးကိုနှုတ်ဆက်ခဲ့ပြီး သူမရဲ့မျက်လုံးတွေကိုလက်နှစ်ဖက်နဲ့ အုပ်ထားလိုက်ပါတယ်။

လူကူးမျဉ်းကြားမှာ မီးရောင်ပြောင်းဖို့ သူမစောင့်နေချိန်မှာ JENNIE က ခေါင်းငုံ့ငိုက်စိုက်ကာနေခဲ့ပါသေးတယ်။

သူမဟာ ခရီးသွားရင်း ပင်ပန်းနွမ်းနယ်နေပုံရပြီး ကင်မရာများစွာဖြင့် သူမကို လှည့်ပတ်ကြည့်ရှုနေခြင်းကြောင့် စိတ်ဆင်းရဲနေပုံပါပဲ။

သူမဟာ ဗင်ကားထဲမရောက်မချင်း ပရိသတ်တွေကိုလက်ပြပြီးနှုတ်ခဲ့ရင်း တံခါးမပိတ်ခင်အထိ လက်မထောင်ပြီး Fly kiss လည်းပေးခဲ့ပါသေးတယ်။

JENNIE ဟာ သူမရဲ့ ရှုပ်ထွေးများပြားလွန်းတဲ့ အချိန်ဇယားနဲ့ Dating သတင်းကောလဟာလ၊ အဖွဲ့ရဲ့ comeback တို့ကြောင့် Pressure တွေများနေပြီး အိမ်မှာ ကောင်းကောင်း အနားယူနိုင်လိမ့်မယ်လို့ ပရိသတ်တွေဘက်မှ မျှော်လင့်ခဲ့ကြပါတယ်။

error: Content is protected !!