ဂေဟာက ကလေးတွေနဲ့အတူတူ ဆော့ကစားပေးရင်း ပျော်ရွှင်စရာ အချိန်လေးတွေ ဖန်တီးခဲ့တဲ့ ခိုင်နှင်းဝေ

ဂေဟာက ကလေးတွေနဲ့အတူတူ ဆော့ကစားပေးရင်း ပျော်ရွှင်စရာ အချိန်လေးတွေ ဖန်တီးခဲ့တဲ့ ခိုင်နှင်းဝေ

ခိုင်နှင်းဝေကတော့ မိဘမဲ့ကလေးတွေကို သူမရဲ့ရင်သွေးလေးတွေသဖွယ် ကူညီစောင့်ရှောက်နေတဲ့ ချီးကျူးလေးစားဖွယ်မင်းသမီးတစ်လက်ပါ။

ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် စွန့်ပစ်ခံရတဲ့ ကလေးတွေအတွက် အတတ်နိုင်ဆုံးကာကွယ် ခေါ်ယူစောင့်ရှောက်လျက်ရှိနေတဲ့သူလို့လည်းဆိုရမှာပါ ။

အားလပ်ချိန်တွေမှာလည်း ကလေးတွေကို အချိန်ပေးကာ အနားနေပေးရင်း မေတ္တာ အပြည့်အဝပေးတတ်ပါသေးတယ် ။

ဒါ့အပြင် ကလေးတွေရဲ့ ပညာရေးနဲ့ ကျန်းမာရေးကအစ အစစအရာရာ သူကိုယ်တိုင် တာဝန်ယူလိုက်လုပ်ပေးတာလည်း လေးစားစရာပါ ။

ကလေးတွေရဲ့ လှုပ်ရှားမှုလေးတွေကိုလည်း အမြဲဖော်ပြပေးလေ့ရှိတာကိုလည်းတွေ့ရပါတယ် ။

အခုလည်း ဂေဟာက ကလေးတွေနဲ့အတူတူ ဆော့ကစားပေးရင်း ပျော်ရွှင်စရာ အချိန်လေးတွေ ဖန်တီး ဖြစ်ခဲ့တဲ့ ပုံလေးတွေကို ဝေမျှလာရာ အရမ်းချစ်စရာကောင်းလွန်းလို့ ပရိသတ်ကြီး အတွက် ပြန်လည် ဝေမျှပေးလိုက်ပါတယ် ။

error: Content is protected !!