လူမှုကွန်ယက်မှာ ဆွဲဆောင်မှုရှိတဲ့ဓာတ်ပုံများနဲ့
ရေပန်းစားလာတဲ့ Biker မိန်းမပျိုလေးဟာ လက်တွေ့မှာ အသက် ၅၀ ကျော်အမျိုးသားဖြစ်နေ
ဂျပန်နိုင်ငံက ငယ်ရွယ်ချောမောလှပတဲ့ မိန်းကလေးတစ်ယောက်ဟာ သူမရဲ့ မော်တော်ဆိုင်ကယ်နဲ့အတူ Social Media မှာ အလှဓာတ်ပုံတွေတင်ပြီးနောက် ဂျပန်နိုင်ငံရဲ့လူမှုကွန်ယက်အသုံးပြုသူတွေကြားမှာ
တစ်ဟုန်ထိုးလူသိများခဲ့ပြီး Like ပေါင်းများစွာ
ရရှိခဲ့ပါတယ်။ ။ ဒါပေမယ့် ဒီဓာတ်ပုံတွေရဲ့နောက်ကွယ်က အမှန်တရားကဘာများပါလိမ့်နော်?
သိန်းဌက်တစ်ကောင်လိုအမြင်အာရုံစူးရှတဲ့
သူမအကောင့်ရဲ့ Followers တွေကြောင့် ဓာတ်ပုံတစ်ပုံမှာဆိုရင် လက်မောင်းနားကအမွေးအမျှင်တွေနဲ့ မှန်အရိပ်ကြောင့် အခြားမတူညီတဲ့မျက်နှာသွင်ပြင်ကို လူတွေကသတိထားမိလာကြပါတယ်။
တကယ့်အမှန်မှာတော့ ဒီလိုချစ်ဖို့ကောင်းတဲ့ကောင်မလေးက “Soya” လို့ခေါ်တဲ့ အသက် ၅၀အရွယ် အမျိုးသားကြီးတစ်ဦးဖြစ်နေပါတယ်…
ဒါကြောင့်မလို့ TV အစီအစဥ်တစ်ခုကနေ ဒီအမှန်တရားကိုဖွင့်ချလိုက်တဲ့အခါမှာတော့ “Soya” က
Photo editing apps တွေသုံးပြီး မိန်းမလှလေးတစ်ဦးလိုလှအောင်ပြင်ဆင်ခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။
ဒီလိုနဲ့ TV Program တစ်ခုရဲ့ interview မှာ
Soya က ” ကျွန်တော့်ရဲ့ account ကို လူစိတ်ဝင်စားမှုပိုများစေချင်ခဲ့ပါတယ်… လူတွေက အသက်ကြီးကြီးဘဲကြီးထက် ငယ်ငယ်ချောချောကောင်မလေးဆိုရင် ပိုပြီးစိတ်ဝင်စားကြမယ်မဟုတ်လား… ဘီးကျဲကြီးတစ်ယောက်က သူ့ရဲ့ ဆိုင်ကယ်ကိုအမြတ်တနိုးထားတာတွေ၊ အပြင်မှာ ဓာတ်ပုံရိုက်တာတွေကို ဘယ်သူမှအချိန်ပေးပြီးကြည့်ချင်မယ်မထင်ဘူး…”
ဆက်လက်ပြီး Soya က Photos edit တွေလုပ်ပြီးနောက် ထွက်လာတဲ့ result ကို အင်မတန်အံ့သြမိကြောင်းပြောပါတယ်။ ။
“ပထမတစ်ခေါက် ငါစစမ်းပြီးနောက်မှာတော့
ပုံလှလှရေးရသွားခဲ့တာပဲ… အဲ့နောက် Likes 1000 ကျော်တောင်ရသွားတယ်… ငါအရင်ကဆို Like က 10 တောင်မရဘူးလေ…အဲ့လိုနဲ့ ငါလည်းတဖြည်းဖြည်း ပုံတွေကိုပိုပြီးချစ်ဖို့ကောင်းအောင် ပြင်တတ်ဖို့ကြိုးစားတော့တာပဲ…”
Show ပွဲအပြီးမှာတော့ Soyaက သူ့ Followers တွေရဲ့ အပြုသဘောဆောင်ကောင်းမွန်တဲ့
မှတ်ချက်တွေကိုရရှိခဲ့ပါတယ်။ ။
ပရိသတ်အချို့ကဆိုရင်-
” TV Program ကိုကြည့်ပြီးတဲ့အချိန်ကစပြီး
ငါမင်းရဲ့ Fan ဖြစ်လာတာပဲ Soya…”
“မင်းက သိပ်မိုက်တဲ့မှော်ပညာပါရမီတွေပါလာတာပဲ” ဆိုပြီး မှတ်ချက်ပြုခဲ့ပါတယ်…
အခုလို နိုင်ငံတကာမှသတင်း ကဏ္ဍပေါင်းစုံကို
လက်မလွတ်တမ်းဖတ်ချင်ရင်တော့ ကျွန်တော်တို့ရဲ့
“ခေတ်ကြိုက်မီဒီယာ” Fb Page ကို Like and Follow လုပ်ဖို့ မမေ့ကြပါနဲ့နော်…
အားလုံးပဲ ကောင်းမွန်သောနေ့ရက်တွေကို
ပိုင်ဆိုင်ရရှိကြပါစေ ❤